[၈၄] ယွီကျူးရှန့်ချန်|ယြီက်ဴးရွန့္ခ်န္

1.9K 389 5
                                    

!unicode!

ကျင်းဖေးထုန်သည်အစကခပ်ဖွဖွထိလိုက်ရုံသာဖြစ်ပေမဲ့ သူ့နှုတ်ခမ်းအောက်တွင်ပူနွေးကာနူးညံ့သည်ကိုခံစားလိုက်ရပြီး ရှုလင်ကျား၏လျင်​မြန်သောအသက်ရှုငွေ့ကသူ့မျက်နှာထံအပြေးအလွှားတိုးဝင်လာကာ သူ့နှုတ်ခမ်းနှင့်နှာခေါင်းတဝိုက်တွင်ငြိတွယ်နေပုံမှာ မဖော်ပြနိုင်လောက်အောင်ညှို့အားပြင်းလှသည်။

ဤကဲ့သို့တိုတောင်းသောထိတွေ့မှုကားထိုနေရာရှိအရေပြားအောက်တွင်မီးတောက်တစ်စုထွန်းညှိ့လိုက်သည့်အလားကျင်းဖေးထုန်ကိုခံစားသွားရစေ​သည်။ ချက်ချင်းပင်၊ မီးတောက်မှာသွေးနှင့်ရောယှက်သွားပြီး မ​ပြောအပ်သောလှိုင်းတစ်လှိုင်းဖြစ်ပေါ်စေကာ မဖော်ပြနိုင်လောက်သောဝမ်းနည်းမှုကိုဖြစ်ပေါ်လာစေသည်။

ရင်းနှီးမှုနှင့်မရင်းနှီးမှု၊ စိတ်ရှုပ်ထွေးမှုနှင့်မယှဥ်နိုင်လောက်သောအမြတ်တနိုးတန်ဖိုးထားမှု၊ ကြာမြင့်စွာပျောက်ဆုံးနေခဲ့ခြင်း၊ အချိန်ကြာ​မြင့်စွာမျှော်လင့်စောင့်စားနေခဲ့ရခြင်း၊ ယခုတွင်အရသာခံမိလိုက်သည်နှင့် လုံးဝမလွှတ်ပေးနိုင်တော့ပေ။

ရှုလင်ကျားကားအစကထိုင်ခုံပေါ်မှာထိုင်နေခြင်းဖြစ်ပြီး ကျင်းဖေးထုန်ကခါးကိုင်းကာသူ့ရှေ့တွင်ရပ်၍ သူ့ကိုတင်းကြပ်စွာပိတ်ကွယ်ထားလေရာ လူတို့အားလုံးဝထိန်းချုပ်ခံလိုက်ရသည့်ခံစားချက်ကိုပေးစွမ်းလို့နေသည်။

တစ်ဖက်လူ၏လက်ကသူ့လည်ပင်းအနောက်ကိုဖိကိုင်ထားလျက် ရှုလင်ကျား၏လည်ပင်းနှင့်ကျောပြင်တစ်ခုလုံးကိုထုံထိုင်းကာယားယံသွားစေသည်။ ကျင်းဖေးထုန်၏ခွန်အားမှာသိသိသာသာကိုသိပ်မပြင်းပေမဲ့ သူ့ခန္ဓာကိုယ်မှာတောင့်တင်းလို့နေကာသူမလှုပ်ရှားဝံ့ပေ။ သူ့အရေပြားခုန်ထွက်တော့မည့်အလားခံစားလိုက်ရသည်။

သို့သော် သူ့မေးစေ့ပေါ်ရှိကျင်းဖေးထုန်၏လက်မှာအလွန်ညင်သာပြီး သူကရှုလင်ကျား၏နှုတ်ခမ်းတစ်စုံကိုဖြည်းညှင်းစွာနမ်းရှိုက်လို့နေကာ သူ၏လှုပ်ရှားမှုမှာအနည်းငယ်ထစ်ငေါ့လျက်ရှိသည်။ သူ့ထံမှ လိုအင်ရမ္မက်သာမက မျှော်လင့်စောင့်စားခြင်း၊ သနားကြင်နာမှုနှင့်နက်ရှိုင်းသောအစွဲအလမ်းတို့ကိုရှုလင်ကျားခံစားမိလိုက်သည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now