[၁၁၀] ကျယ်ယွင်ချူးချင်|က်ယ္ယြင္ခ်ဴးခ်င္

2.3K 375 3
                                    

!unicode!

လျန်ချန်းဟွာ၏အဆင့်အတန်းအပြင် သူသည်ဒီကိစ္စထဲတွင်နက်ရှိုင်းစွာမပါဝင်ခဲ့ပေမဲ့ သူကထိုမျှရိုးသားစစ်မှန်စွာတောင်းပန်လာသဖြင့် အခြားသူများအတွက်နောက်ရို့နေဖို့ရာမကောင်းလှ။ ရှက်ရွံ့မှုအချို့ရှိနေသေးသော်လည်း ဤအချိန်တွင်သူတို့ဟာလျန်ချန်းဟွာ၏စကားများကိုသံယောင်လိုက်၍ ကျားရွှမ်၊ ရှုလင်ကျားနှင့်အခြားသူတို့ကိုတောင်းပန်လိုက်သည်။

မိစ္ဆာမျိုးနွယ်စုနှင့်မသေမျိုးဂိုဏ်းမှာနှစ်ပေါင်းများစွာတိုက်ခိုက်နေခဲ့ကြသည်။ နှစ်ဖက်စလုံးကားနိုင်လိုက်ရှုံးလိုက်နှင့် အပြန်အလှန်အဆီအငေါ့မတည့်ကြပေမဲ့ ဤသည်ကားတစ်ဖက်ကအခြားတစ်ဖက်ကိုတက်ကြွစွာဦးညွှတ်လိုက်သည့်ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့နစ်နာကြသည်မှာဧကန်ပင်။

ကျားရွှမ်မှာလက်တစ်ကမ်းသာနေပေမဲ့ အားရကျေနပ်မှုစိုးစဥ်းမျှမပြပေ။ သူ့မျက်နှာထက်တွင်ခပ်စစအပြုံးတစ်ပွင့်သာရှိသည်။ တောင်းပန်မှုကိုလက်ခံပြီးနောက်၌ လျန်ချန်းဟွာ၏နောက်ပြောမည့်စကားလုံးများကိုစောင့်နေလိုက်သည်။

"ဒါပေမဲ့လည်း အိပ်မက်ဆိုးမိစ္ဆာကပ်ဘေးကိုနှိမ်နင်းရာမှာမင်းနဲ့ကျုပ်နှစ်ယောက်စလုံးပါဝင်ခဲ့တယ်။ မိစ္ဆာဧကရာဇ်ကအဲ့ဒီ့ကပ်ဘေးရဲ့ထိခိုက်စေနိုင်မှုကိုကောင်းကောင်းသတိပြုမိမယ်လို့ကျုပ်ယုံကြည်တယ်။ ယန်ယွီကမိစ္ဆာမျိုးနွယ်စုမှာမွေးလာခဲ့တာမို့ သူဘယ်မှာရှိနေလဲဆိုတာကကျင့်ကြံရေးလောကတစ်ခုလုံးရဲ့လုံခြုံရေးနဲ့သက်ဆိုင်နေတယ်။ မိစ္ဆာဧကရာဇ်သူဘယ်မှာရှိနေလဲသိလို့ရှိရင် ကျုပ်တို့ကိုပြောပြပေးမယ်လို့မျှော်လင့်မိပါတယ်။"

ဟုတ်တာပေါ့၊ လျန်ချန်းဟွာကခေါင်းစဥ်ပြောင်းကာ လော်ရှောင်းကိုကြည့်၍ပြောလိုက်သည်။
"ပြီးတော့ သူကအကြီးဆုံးမင်းသားနဲ့အဆက်အဆံရှိနေတာ၊ သူကမင်းရဲ့တူတော်လေ။ ကျုပ်တို့တစ်ယောက်မှရှာမရတာမို့ ကျုပ်တို့တွေမိစ္ဆာမျိုးနွယ်စုကိုလာရှာရတာပါ။"

ကျားရွှမ်ရင်ထဲတွင်တိတ်တခိုးရယ်မောလိုက်မိပြီး လျန်ချန်းဟွာဒါကိုပြောလာမည်မှန်းသူမျှော်လင့်ထားပြီးသားပင်၊ ဤလူအိုကြီးကအလွန်လိမ္မာပါးနပ်လှတာမို့ သူ့ခန္ဓာကိုယ်ကိုကိုင်းညွှတ်၊ သူ့ခေါင်းကိုငုံ့ပြီးတော့ အရင်ဆုံးတောင်းပန်လာပြီးငြိမ်းချမ်းရေးယူဖို့အပြင် အခြားရည်ရွယ်ချက်မရှိတာဖြစ်နိုင်ပါ့မလား။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now