[၁၁၈] ခန့်လန်ချန်ကော|ခန့္လန္ခ်န္ေကာ

3.2K 328 5
                                    

!unicode!

ဟယ်ဇီကျိုးသည်လည်းဆိုးဆိုးဝါးဝါးဒဏ်ရာရထားကာ ဒီတစ်ခေါက်ဒယိမ်းဒယိုင်ထရပ်လာပြီး ကျင်းဖေးထုန်၏အသွင်အပြင်ကိုမြင်လိုက်ရသော် သူမရယ်မောမိဘဲမနေနိုင်ပေ။

"မင်းတကယ်မိစ္ဆာဖြစ်လာချင်တာလား။ မင်းရဲ့စိတ်ဝိညာဥ်စွမ်းအားကိုဖယ်ရှားပြီး ဒီမိစ္ဆာစွမ်းအားရဲ့တည်ရှိမှုကိုလက်ခံလိုက်လို့ရှိရင် မင်းကနောက်ထပ်ဇုန်ဝူရှင်းဖြစ်လာလိမ့်မယ်!"

သူ၏သွေးရွှဲနေသည့်ညာလက်ကဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး အကောင်းပကတိလက်မောင်းကိုမြှောက်၍ ကျင်းဖေးထုန်ကိုရွယ်လိုက်သည်။
"မင်းကငါ့နေရာကိုအစားဝင်ဖို့အရည်အချင်းရှိမရှိငါမြင်ချင်မိတယ်။"

ဓားရှည်ကျလာတော့မည့်အချိန်တွင် ရှုလင်ကျားခပ်မြန်မြန်ထရပ်လိုက်မိသည်!

ခုနကကျင်းဖေးထုန်သူ့ကိုယ်ထဲထည့်ပေးခဲ့သည့်စိတ်ဝိညာဥ်စွမ်းအားကသူ့ဒဏ်ရာတစ်စိတ်အပိုင်းကိုသက်သာသွားစေခဲ့သည်။ လှုပ်ရှားရာတွင်အဆင်မပြေမှုတချို့ရှိနေသေးပေမဲ့လည်း ဤအခိုက်အတန့်မှာ သေခြင်းနှင့်ရှင်ခြင်း၊ နာကျင်မှုတို့ကိုစဥ်းစားဖို့ရာအချိန်မရှိပေ။

သူဟယ်ဇီကျိုးကိုဓားနှင့်လှမ်းထိုးလိုက်သည်။

မည့်သည့်လှည့်ကွက်မျှမပါဘဲ အလွန်အမင်းရိုးရှင်းကာဟန်ဆောင်မှကြင်းသောဓားအရိပ်သာဖြစ်ပေမဲ့ ရှိရှိသမျှအားအကုန်နှင့်ခိုင်မာပြတ်သားမှုတို့ပါဝင်လျက် ၎င်းကဟယ်ဇီကျိုး၏ဓားဖျားကိုထိခတ်သွားသည်။

ဤအခိုက်အတန့်၌ ကြီးမားသောစွမ်းအားမှာထိပ်တိုက်ဆုံသွားကာ စိတ်ဝိညာဥ်စွမ်းအားထွက်လာပြီး မြေကြီးကိုတုန်လှုပ်သွားစေကာမရေတွက်နိုင်သောကြီးမားသောအပိုင်းအစများအဖြစ်အက်ကွဲသွားစေပြီး ကမ္ဘာကြီးမှာပျက်စီးသွားတော့သည်။

ဟယ်ဇီကျိုးမှာတောင့်တင်းသွားရသည်။ ခုနကဟယ်ဇီကျိုးသည်ကျင်းဖေးထုန်ကြောင့်ဒဏ်ရာကြီးစွာရရှိခဲ့သော်လည်း ဒီတစ်ခေါက်သူ၏ခွန်အားမှာခန့်မှန်းမရဖြစ်​နေဆဲပင်။ ရှုလင်ကျား၏လက်များမှာတုန်ရီနေပေမဲ့ သူဟာအကြင်နာတရားပိုမိုကင်းမဲ့လာပြီး ဓားရိုးကိုမြဲမြဲစွာကိုင်လျက်အရှေ့ကိုထိုးလိုက်သည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now