[၁၉] ကိုယ့်ကိုယ်ကိုဟားတို​က်မိခြင်း|ကိုယ့္ကိုယ္ကိုဟားတိုက္မိျခင္း

5.1K 1K 8
                                    

"စမ်းသပ်ချက်ကိုကျော်ဖြတ်နိုင်ပြီး ပြိုင်ဖက်ကင်းဓားသမားဖြစ်လာတဲ့အတွက် Hostကိုဂုဏ်ပြုပါတယ်!"

------------------------------------------------------------------------

ကိစ္စတွေကဒီလိုဖြစ်လာသော် ကျန်းရွေ့ဒီအတိုင်းရပ်ကြည့်မနေနိုင်တော့ပေ။

ဤနေရာတွင်ရိလင်းနှင့်အရင်းနှီးဆုံးလူတစ်ယောက်အနေဖြင့် တစ်ဖက်လူအပေါ်တွင် မည်သည့်မိစ္ဆာအငွေ့အသက်မျှသတိမထားမိပေ။ သူ့ကိုသူမတားမြစ်ရသည့်အကြောင်းရင်းကား မြေခွေးမျိုးနွယ်စုသခင်လေး၏လှုပ်ရှားမှုများကို သူတကယ်ရင်းနှီးနေသကဲ့သို့ခံစားမိသောကြောင့်ပင်။

ဓားချီစွမ်းအား၌ဤကဲ့သို့ထိန်းချုပ်နိုင်သောစွမ်းရည်ရှိဖို့ရာ သူကိုယ်တိုင်ပင်၎င်းကိုလုပ်ရန်မလွယ်ကူ၊ ကမ္ဘာပေါ်တွင်မည်သူကများ...ဤကဲ့သို့အခြေအနေမျိုးကိုအောင်မြင်နိုင်မည်နည်း။

သို့သော်...သူသံသယရှိသောတစ်ယောက်သာဆိုရင် ထိုသူကအသုံးမဝင်ဖြစ်နေပြီး ၎င်း၏အတွင်းဒဏ်ရာများမှာလည်းပြင်းထန်လေရာ မြေခွေးမျိုးနွယ်စု၏သခင်လေးဆိုလျှင်ပြောမနေတော့နှင့်။

ကျန်းရွေ့ပိုမိုစူးစမ်းလေလေ၊ သူပို၍အံ့သြလာမိလေလေပင်။

သူနောက်မှလိုက်သွားကာ အောက်ကိုခုန်ဆင်း၍ ရှုလင်ကျား၏အရှေ့တွင်ရပ်ကာ မေးလိုက်သည်။
"မင်သခင်လေး၊ ခင်ဗျားဘာလုပ်ချင်တာလဲဆိုတာမေးလို့ရမလားဗျ။"

ရှုလင်ကျားသည်ကျန်းရွေ့၏လက်မောင်းကိုတွန်းဖယ်၍ မထူးခြားမခြားနားပြောလိုက်၏။
"ဒီတောက်ဓမ္မပညာရှင်လူငယ်လေး၊ ဒါကမင်းနဲ့မဆိုင်တာမို့ စိုးရိမ်စရာမလိုပါဘူး။"

သူသာသူမည်သူမည်ဝါဖြစ်ကြောင်းကိုရိလင်းထံဝန်ခံလိုက်ရင် ကျန်းရွေ့၏သံသယကရှုလင်ကျားကိုရည်ညွှန်းတာထက် ပို၍ပင်လျော့နည်းသွားတာက ကိစ္စမရှိ။

သူသည်ကျန်းရွေ့ကိုရှောင်ကွင်း၍ ရိလင်းထံတည့်မတ်စွာလျှောက်သွားကာ သူ့ဝတ်ရုံအနားစကိုမ၍ ခါးကိုင်းကာ သူ့ကိုလက်ဆန့်ပေးလိုက်ပုံမှာ သူ့ကိုကူညီချင်သည့်နှယ်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now