[၇၈] ကြယ်ခုနှစ်လုံး|ၾကယ္ခုႏွစ္လုံး

2K 364 0
                                    

!unicode!

ရှုလင်ကျားသည်လော်​ရှောင်းကိုနှုတ်ဆက်ပြီးနောက် ပီလော့နန်းတော်၏စခန်းထံအမြန်ဆုံးအရှိန်ဖြင့်ပြန်လာခဲ့၏။

မနက်ခင်းအလင်းရောင်မှာအပြင်ဘက်တွင်မသိမသာတောက်ပလို့နေပြီး ကျန်းဖေးထုန်ကပြန်မလာသေးသည့်အပြင် ဟယ်ဇီကျိုးလည်းနိုးမလာပေ။

သို့သော် ရှုလင်ကျားသူအနားယူနေသည့်အခန်းထဲဝင်လာချိန်တွင် အခန်းထဲတွင်လေပြင်းတိုက်ခတ်နေသည်ကိုခံစားမိလိုက်သည်။

လေပြင်းမှာသိပ်မပြင်းထန်ဘဲ မျက်နှာပေါ်ခြစ်မိသွားသည့်ဓားငယ်လေးပမာ။ သံချေးနှင့်အလွန်ဆင်တူသည့်သွေးညှီနံ့မှာ နှာဖျားတွင်ခပ်ဖျော့ဖျော့ပျံ့နှံ့လို့နေသည်။

ဤသည်ကားသာမန်လေပြင်းမဟုတ်ဘဲ ဟယ်ဇီကျိုးထံမှစိမ့်ထွက်လာသည့်ဓားစွမ်းအင်ဖြစ်ကြောင်းသူချက်ချင်းသဘောပေါက်သွားသည်။

ဤအခြင်းအရာကားရှားပါးသောအခြေအနေမဟုတ်။ ယေဘုယျပြောရလျှင် လူသားနှင့်ဓားပေါင်းစပ်သွားသည့်နယ်ပယ်သို့ရောက်ရှိသွားသောကျင့်ကြံသူများမှာ ပုံမှန်အားဖြင့်ကျင့်ကြံထားသောဓားစွမ်းကိုဖိနှိပ်ထိန်းချုပ်ရန်စိတ်ဝိညာဥ်စွမ်းအားကိုသုံးလေ့ရှိသည်။

သို့သော် သူတို့ဒဏ်ရာရသွားပြီး အသိစိတ်ပျောက်သွားခဲ့သည်ရှိသော် သူတို့၏စိတ်ဝိညာဥ်စွမ်းအားမှာဗလာနတ္ထိဖြစ်သွားပြီးနောက် သူတို့ထိန်းချုပ်ထားသောစွမ်းအင်မှာလည်းအားနည်းလာကာ သူတို့၏ဓားစွမ်းအင်ကိုစိမ့်ထွက်လာစေနိုင်ပြီး ပြင်းထန်သောအခြေအနေမျိုးတွင် ကိုယ်ပိုင်ဓားပင်ကျိုးသွားကာခန္ဓာကိုယ်မှာလည်းထိခိုက်သွားလိမ့်မည်ပင်။

ရှုလင်ကျားအပြင်းအထန်​ဒဏ်ရာရသွားစဥ်က သူ၏ချီသွေးကြောမှာတမဟုတ်ချင်းပျက်စီးသွားခဲ့ပြီး သူ၏စိတ်ဝိညာဥ်စွမ်းအားမှာပျောက်ဆုံးသွားကာ ဓားစွမ်းအင်ပေါက်ထွက်လာပြီး သူ၏ကိုယ်ပိုင်ဓားရှည်ကိုကျိုးသွားစေခဲ့သည်။

ဒီတစ်ခေါက်ဟယ်ဇီကျိုး၏အခြေအနေမှာလွှတ်ထားလို့မရပေ၊ ရှုလင်ကျားအာရုံစိုက်၍မျက်စိမှိတ်လျက် တရားထိုင်ကာ ဟယ်ဇီကျိုး၏စိတ်ဝိညာဥ်နယ်မြေထဲသို့ဓားစွမ်းအင်တောက်လျှောက် သူ၏ဝိညာဥ်ကိုဖြည်းညှင်းစွာသွတ်သွင်းလိုက်သည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now