[၈၈] ဖုန့်ကျန်းယင်ဆွေ့|ဖုန့်ကျန်းယင်ဆွေ့

1.7K 386 14
                                    

!unicode!

ကျားရွှမ်အစကဒီကပ်ဘေးကိုလုံးဝဖယ်ရှားရန်နည်းလမ်းရှာပြီးမှ ချိပ်စည်းကိုချိုးဖျက်ကာ ဒီသားကိုအမှတ်အသားလုပ်ချင်ခဲ့ပေမဲ့ ထိုနေ့ကဖြစ်ရပ်ကထိုမျှမြန်ဆန်စွာရောက်လာလိမ့်မည်ဟုမထင်ထားခဲ့ပေရာ သူ့မှာချိပ်စည်းကိုချိုးဖျက်ရန်အချိန်မရလိုက်ဘဲ စိတ်ကူးယဉ်လောထဲသို့ကျရောက်သွားခဲ့သည်။

နောက်ဆုံးအသိစိတ်ရှိသေးသည့်အခိုက်အတန့်တွင် သူဘယ်တော့မှပြန်မလာနိုင်လို့ရှိရင် မင်ချီနှင့်သူ့ကလေးတို့အပြန်အလှန်မမှတ်မိကြမည်ကိုစိတ်ပူနေမိပေမဲ့ အဆုံးတွင် သူဟာလည်းထိုဟာနှင့်ပတ်သတ်၍ဘာမှမလုပ်နိုင်သဖြင့် အဆုံးမဲ့စိုးရိမ်ပူပင်မှုတို့နှင့်သာကပ်ဘေးထဲကျရောက်သွားခဲ့ရသည်။

သို့သော် ယခုမူ အဖေနှင့်သားမှာမထင်မှတ်ထားစွာတွေ့ဆုံခဲ့ကြပြီး ကျားရွှမ်ကဒီသွေးတစ်စက်ကိုယူထားခဲ့သဖြင့် သူဒီကထွက်သွားပြီးရင် ထိုတစ်ယောက်ကိုရှာရန်သဲလွန်စအဖြစ်သုံးဖို့ရာသူ့အတွက်လုံလောက်ပေသည်။

ဖြစ်ကောင်းဖြစ်နိုင်တာက....ငါတို့တွေ့ရဖို့သိပ်မကြာလောက်တော့ပေ။

သူအခုဘယ်မှာလဲ၊ သူပျော်မပျော်၊ သူ့ကျန်းမာရေးကောင်းမကောင်း၊ ဘယ်သူကသူ့ကိုအနိုင်ကျင့်နေလဲမသိပေ။

ကျားရွှမ်ထိုအကြောင်းတစ်အောင့်မျှတွေးကြည့်မိသည်နှင့် သူ့ရင်ထဲတွင်နှစ်ထောင်ချီတည်ငြိမ်နေခဲ့သည့်အပူပေါက်ထွက်လာသည်ကိုခံစားလိုက်ရမည်ပင်။

သို့သော် အခုဒီကနေဘယ်လိုထွက်ရမလဲဆိုသည်ကကြီးမားသောပြဿနာဖြစ်ပေ၏။

တစ်စုံတစ်ယောက်ကနိုးထလာသည်နှင့် သူတို့ဟာတရားကျင့်ကြံသည့်အခြေအနေကိုဝင်မရတော့ပေ။ သူတို့သာစိတ်ကူးယဉ်လောကမှအမြန်ဆုံးမထွက်သွားလို့ရှိရင် ဤနေရာရှိမိစ်ဆာအတွေးတို့ထံမှအနှေးနှင့်အမြန်ဝါးမျိုးခံရလိမ့်မည်ပင်။

သို့ နှစ်ပေါင်း၁၃၀အတွင်း၌ စိတ်ကူးယဉ်လောက၏ထွက်ပေါက်တံခါးမှာမပွင့်လာသေးသည့်တိုင် ပါးစပ်ထဲရောက်နေသည့်သားကောင်ကိုထွက်မသွားအောင်တားဆီးနေသည့်အတွင်းစုပ်အားတစ်ခုရှိနေပေသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now