[၄၁] တဖွဲဖွဲမျက်နှာပြင်|တဖွဲဖွဲမျက်နှာပြင်

4.3K 779 14
                                    

!unicode!

သူ၏ကံကောင်းမှုနှင့်ပတ်သတ်၍ ပြဿာနာတစ်ခုခုရှိနေသည်ကိုကျန်းရွေ့တွေ့ရှိသွားပေရာ ကွေ့ရီဂိုဏ်းထွက်သွားချိန်တွင် သူလည်းတိတ်တိတ်လေးထွက်သွားလိုက်သည်။

ရှုလင်ကျားကမင်ချီနှင့်ချန်နဥ်တို့နှင့်စကားပြောပြီးသွားသည်ကို​မြင်လိုက်ရရင်း မျက်မှောက်၌ရှိနေကြသည့်လင်ရှောင်းဂိုဏ်းသားများမှာသူ့ကိုချက်ချင်းဝန်းရံလိုက်ကြသည်။ ၎င်းတို့မှာရှင်းဇုန်ဂိုဏ်းသားများဖြစ်ကြပြီး ချီဇုန်ဂိုဏ်းသားအချို့လည်းပါဝင်သည်။

သူတို့ရှုလင်ကျားကိုကြည့်သည့်ပုံစံဟာ ရှုလင်ကျားအားနောက်တစ်ခဏတွင်သူသေသွားတော့မည်ဟုခံစားသွားရစေသည်။

ရှုလင်ကျားကူကယ်ရာမဲ့စွာပြောမိသည်။
"မင်းတို့မှာပြောစရာရှိရင် တည့်တိုးပြောကြလေ။ ဘာမှမရှိရင်ငါသွားတော့မယ်။"

လူငယ်တစ်ယောက်ကသူ့ကိုမေးလာသည်။
"ရှစ်ရှုန်း၊ အစ်ကိုတကယ်ပဲလင်းယွဲ့နဲ့တိုက်ခိုက်မှာလား။"

ရှုလင်ကျားပြောလိုက်သည်။
"ဘာလို့မလုပ်ရမှာလဲ။"

သူ့လေသံမှာအရင်ကအတိုင်းဖြစ်ပေမဲ့ လူတိုင်းမှာအစကအနည်းငယ်ရှက်ရွံ့ကာ အဆင်မပြေဖြစ်သွားခဲ့သည်။ ရှုလင်ကျားအပြောကိုကြားလိုက်ရပြီးနောက်၌ သူတို့မနေနိုင်ဘဲပြောမိသည်။

"ဒါပေမဲ့သူကသိပ်ကောက်ကျစ်တာ။ အစ်ကိုသူ့ကိုချနိုင်ပါ့မလား။ တကယ်လို့အစ်ကိုသူ့ကိုမချနိုင်လို့ရှိရင် သူကအစ်ကို့ကိုသေချာပေါက်သတ်ပစ်မှာဗျ!"

"ဟုတ်တယ်၊ ရှုရှစ်ရှုန်းရ။ သူအစ်ကို့ကိုအရမ်းမုန်းနေတယ်ထင်တယ်။ ခုနကသူ့ရှစ်စွင်းမျက်နှာကိုကြည့်ရတာတော့ တော်တော်လေးစိမ်းပြာသွားတာပဲ။"

"ကျန်းရွေ့ကတော်တော်လေးမကောင်းတာပဲ၊ ဒီကိစ္စကိုသူတာဝန်ယူသင့်တယ်မလား။ သူများတွေကဘယ်လိုလုပ်ရမှာလဲ။"

"ရှစ်ရှုန်း၊ ကျွန်တော်စိတ်ပျက်အားလျော့နေမိလို့အပြစ်မတင်ပါနဲ့ဗျာ၊ အစ်ကိုဖန်တင်းနဲ့တိုက်ခိုက်တုန်းက အရမ်းခက်ခဲခဲ့တဲ့ပုံပဲ။ အစ်ကိုရဲ့စိတ်ဝိညာဥ်စွမ်းအားကအတိတ်တုန်းကနဲ့မတူတော့ဘူးလေ၊ အစ်ကိုနစ်နာလိမ့်မယ်။ ဒီတစ်ခေါက်လင်းယွဲ့နဲ့ထိပ်တိုက်တွေ့တာသိပ်မကောင်းလောက်ဘူး။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now