[၁၀၁] မြူရှင်းနေသာ|ျမဴရွင္းေနသာ

1.9K 386 3
                                    

!unicode!

ကျင်းဖေးထုန်ကပြောရင်းဖြင့် လော်ရှောင်းကိုတစ်ချက်လှမ်းကြည့်ကာ ရှုလင်ကျားကိုမေးလာသည်။
"ဒါဆိုမင်းရဲ့အစ်ကိုတော်ကိုကျောပိုးသွားကြမလား။ ကိုယ်ကူညီဖို့ဆန္ဒရှိပါတယ်။"

ရှုလင်ကျားသူ့ကိုပြုံးပြလိုက်ပေမဲ့ ခေါင်းခါကာ ပြောမိသည်။
"ထားလိုက်ပါ။ ရှေ့မှာဘာအန္တရာယ်ရှိနေမှန်းမသိတော့ အကြီးဆုံးအစ်ကိုတော်ကိုနှိုးမိသွားရင်သူမလွဲမသွေခံစားရလိမ့်မယ်။ သူ့ကိုအတူခေါ်သွားဖို့ကမလွယ်ဘူး။ အရံအတားနှစ်ထပ်တည်ပြီး သူ့ကိုဒီမှာအနားယူခိုင်းလိုက်တာပိုကောင်းမယ်။ ကျွန်တော်တို့ကလမ်းသွားရှာကြတာပေါ့။"

ဤစီမံမှုကားအကောင်းဆုံးဖြစ်သည်ဟုကျင်းဖေးထုန်လည်းတွေးမိသည်၊ ဘယ်နှင့်ညာမှာမြက်ပင်များစိုးစဥ်းမျှပေါက်ရောက်မနေသဖြင့် အပြင်လူများမဝင်နိုင်ပေရာ အတော်လေးလုံခြုံသည်ပင်။ စောင့်ကြပ်ဖို့လိုသည့်တစ်ခုတည်းသောအရာမှာလော်ရှောင်းကိုဝန်းရံနေသည့်အတွေးမိစ္ဆာများပင်။ သူတို့သည်လော်ရှောင်းပတ်လည်တွင်အရံအတားတည်ပေးခဲ့သဖြင့် သူထိခိုက်လိမ့်မည်မဟုတ်ကြောင်းအာမခံရန်လုံလောက်သည်။

လော်ရှောင်းကိုနေရာချပေးပြီးသည်နှင့် ရှုလင်ကျားနှင့်ကျင်းဖေးထုန့တို့သည်ခရမ်းရောင်အလင်းလာရာအရပ်သို့လျှောက်သွားကြပြီး ၎င်းမှာကျင်းဖေးထုန်ခုနကလျှောက်လာသည့်လမ်းဖြစ်သည်ပင်။

ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက်မှာ ကျင်းဖေးထုန်"ဟေး"ဟုအသာဆိုကာ ပြောမိသည်။
"ဒီလမ်းကလျှောက်ပိုလွယ်လာတယ်နော်။"

အတွေးမိစ္ဆာများပိုမိုလျော့ပါးလာရုံတင်သာမက စုပ်ယူအားပင်မြောက်မြားစွာလျော့ပါးသွားချေသည်။ ခရမ်းရောင်အလင်းမှာတဖြည်းဖြည်းချင်းပါးရာမှထူထဲသိပ်သည်းလာပြီး နေရာလွတ်အကျယ်ကြီးကိုစိုးမိုးထားကာ သန်မာသောမိစ္ဆာစွမ်းအင်ကိုထုတ်လွှတ်လို့နေသည်။

ကျင်းဖေးထုန်၏ကျင့်စဥ်အဆင့်နှင့်ဆိုရင် သာမန်မိစ္ဆာစွမ်းအင်ကသူ့ကိုဘာမှမဖြစ်စေနိုင်ပေမဲ့ ဤမိစ္ဆာစွမ်းအင်မှာအလွန်အမင်းလွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိကာခွန်အားကြီးမားလှပြီး ခပ်ဖျော့ဖျော့အမျက်ဒေါသနှင့်အပြင်လူများမှာလုံးဝခုခံနိုင်စွမ်းမရှိလှပေ။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now