[၁၀၉] ခုကူကျန့်ကျင့်|ခုကူက်န့္က်င့္

2K 361 1
                                    

!unicode!

ချောင်ကျိကားဟယ်ဇီကျိုးနှင့်တစ်ခါမျှအဆက်အဆံမလုပ်ဖူးပေသဖြင့် ဤအခန်းကဏ္ဍကိုမြင်လိုက်ရပြီးနောက် သူအံ့အားသင့်သွားရပြီး သူ၏ညီငယ်လေးဟာဤကဲ့သို့အရာမျိုးနှင့်ဆုံတွေ့ခဲ့ကြရသည်မှာတကယ့်ကိုကံဆိုးလှသည်ဟုခံစားမိသည်။

သူကတမင်သက်သက်လှောင်ရယ်သံပြုကာ အသံမြှင့်၍ ကျင့်ကြံသူများကိုပြောလိုက်သည်။
"အားလုံးပဲ၊ ဒီမင်းသားခင်ဗျားတို့ကိုပြောခဲ့ဖူးပါတယ်။ ဟယ်ဇီကျိုးကလူတိုင်းကိုကာကွယ်တယ်ဆိုတဲ့နာမည်ခံပြီးတော့ တစ်ကိုယ်ကောင်းဆန်တဲ့အရာတွေကိုဆက်တိုက်လုပ်နေတဲ့သူတော်ကောင်းယောင်ဆောင်ထားတဲ့လူယုတ်မာတစ်​ယောက်ပဲ။ သူ့မှာရွေးချယ်စရာမရှိတဲ့အဆုံးသဘောမနောကောင်းပြနေရတယ်လေ။ ဘယ်သူကမှနားထောင်ဖို့ဆန္ဒမရှိရုံတင်ပဲ။ အင်း၊ အခုဘယ်လိုခံစားနေရလဲမသိပါဘူးလေ?"

လူတိုင်းမှာသူ့စကားကြောင့်ပူနွေးသွားရပေမဲ့ မည်သို့တုံ့ပြန်ရမည်မှန်းတစ်အောင့်မျှမသိလေတော့။ ဟယ်ဇီကျိုးမှာဤကဲ့သို့အရုပ်ဆိုးသောနည်းလမ်းဖြင့်ထုတ်ဖော်ခံလိုက်ရပေရာ ၎င်းကလူတိုင်းကိုတစ်အောင့်မျှမျက်နှာပျက်သွားစေသည်။

ဟယ်ဇီကျိုးကိုယ်၌ပင်ယုံကြည်ရခက်နေသည်။ ချောင်ကျိ၏စကားကိုကြားလိုက်ရသော် သူ့မျက်လုံးမှာမိုးကြိုးအလင်းတန်းပမာစူးရှသွားပြီး ရုတ်တရက်မျက်ခုံးပင့်ကာပြောမိသည်။
"ကျင့်ကြံသူတို့၊ ဒီမကောင်းတဲ့မိစ္ဆာတွေရဲ့စကားလုံးကြောင့်အရူးလုပ်မခံရစေနဲ့! ကျုပ်ကိုယ်ထဲမိစ္ဆာဝင်ပူးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး! တစ်ယောက်ယောက်ကကျုပ်ကိုတမင်သက်သက်ချောက်ချတာဖြစ်ရမယ်!"

သူထိုသို့ပြောလိုက်ပြီး သူကားစိတ်သက်သာရာရရန်အကြောင်းပြချက်ရှာတွေ့သွားပုံပေါ်ကာ ကျင်းဖေးထုန်လက်ထဲရှိဗုဒ္ဓအရိုးကိုစိုက်ကြည့်ရင်း အော်ပြောလာသည်။
"ဒီဟာကဘယ်လိုမိစ္ဆာပစ္စည်းမျိုးလဲ။"

ကျင်းဖေးထုန်အသာပြုံးကာ သူ့လက်ထဲရှိဗုဒ္ဓအရိုးကိုပစ်ပေးလိုက်ရာ အဖြူရောင်အရိုးလေးမှာသူ့ရှေ့ရှိလေထဲတွင်တွဲလောင်းချိတ်သွားပြီး အဆက်မပြတ်လည်ပတ်လို့နေကာ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းကိုထုတ်လွှတ်လျက်ရှိသည်။ လက်ရှိလူတိုင်းမှာကျွမ်းကျင်ပညာရှင်များဖြစ်ကြပေရာ အထက်ရှိအလွန်အမင်းသန့်စင်သည့်မြင့်မြတ်သောစွမ်းအင်ကိုခံစားလို့ရသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now