2.5K 399 4
!unicode!
မြေခွေးလေးကားတကယ့်ကိုချစ်စရာကောင်းလှသည်၊ သို့သော် သူလူသားပုံစံဖြစ်လာသည်ကိုချောင်ကျိမြင်ချင်မိသည်။ သို့မှသာ သူ့ကိုနေရာပေါင်းများစွာထံခေါ်သွားပြီးကစားဖို့ရာ သူ့အတွက်ပိုအဆင်ပြေလိမ့်မည်ပင်။
ဤချစ်လှစွာသောညီငယ်လေးအရွယ်ရောက်လာသော် သူနှင့်ပြိုင်ဆိုင်လာမလားဆိုသည်ကတော့ဖြင့် သူထိန်းချုပ်နိုင်ခြင်းမရှိ။ ထို့အပြင် အခြားညီအစ်ကိုငါးဦးလည်းရှိနေသေးပေရာ မည်သို့ပင်ဖြစ်စေ တစ်ယောက်ပိုလာသည့်ကိစ္စနှင့်ပတ်သတ်၍ သူစိုးရိမ်မနေတော့ပေ။
မြေခွေးလေးကသူနှင့်အတူအရွယ်ရောက်လာကာ ကလေးငယ်တစ်ဦးအဖြစ်ပြောင်းလဲသွားပြီး ချောမောသောကောင်ငယ်လေးအဖြစ်ကြီးပျင်းလာကာ ခန့်ညားသောလူရွယ်တစ်ဦးဖြစ်လာလိမ့်မည်ဟု ချောင်ကျိအမြဲထင်ခဲ့မိသည်....သို့ပေသိ နောက်ပိုင်းနှစ်ဝက်အတွင်းမှာတင် မိစ္ဆာဧကရာဇ်ကမြေခွေးလေးကိုချင်းချိုးထံပြန်ခေါ်သွားလိမ့်မည်ဟုသူလုံးဝမမျှော်လင့်ထားမိပေ။
မြေခွေးလေးအတွက်မြေခွေးများကြားတွင်ကြီးပျင်းလာသည်ကားပိုအဆင်ပြေပြီး အရွယ်ရောက်လာသည့်အခါကျရင်ပြန်လာလိမ့်မည်ဟုသူကဆိုသည်။
ဟိုဟိုဒီဒီလျှောက်ပြေးလေ့ရှိသောမြေခွေးလေးမပါသည့်ဤလမ်းလျှောက်မှုမှာ လူတို့အားအဆင်မပြေဖြစ်စေသည်။ အများဆုံးနှစ်အနည်းငယ်အတွင်းတွင် မြေခွေးလေးကလူသားအသွင်ပြောင်းပြီးနောက်ပိုင်းမိစ္ဆာနန်းတော်ထံပြန်လာလိမ့်မည်ဟု ချောင်ကျိထင်ခဲ့သည်၊ သူထိုသို့အမြဲတမ်းတွေးမိသည်။
သို့သော် အလယ်တွင်ဘာဖြစ်သွားမှန်းမသိပါဘဲ သူ၏ဖမည်းတော်ပြန်လာချိန်တွင် သူဟာတစ်ယောက်တည်းဖြစ်ကာ ဒဏ်ရာအပြင်းအထန်ရရှိနေခဲ့သည်။
သူ၏သတ္တမြောက်ညီငယ်လေးဘယ်မှာလဲဟုချောင်ကျိသိချင်စိတ်ဖြစ်စွာမေးလိုက်ပေမဲ့ ကျားရွှမ်ကပေါ့ပါးစွာပြောလာသည်။
"ပညာတော်သင်ဖို့အခြားနေရာကိုလွှတ်လိုက်ပြီ။"
ချောင်ကျိမည်သည့်မေးခွန်းမျှထပ်မမေးရဲတော့ပေ။ တစ်အောင့်ကြာသော် သူ့ဘဝတွင်ထိုညီတော်လေးကိုဘယ်တော့မှထပ်မြင်ရတော့မည်မဟုတ်ဟုတွေးမိလုနီးပါးပင်။ မထင်မှတ်ထားစွာဖြင့် နှစ်အချို့ကြာပြီးနောက်ပိုင်းတွင် မြေခွေးလေးမှာလက်ဦးမှုရယူကာ အစ်ကိုတော်များထံလာလည်ခဲ့သည်။
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now