[၁၂၁] အချပ်ပို: ခရုရှာပုံတော်(အပိုင်း၁)

1.8K 273 0
                                    

!unicode!

ပြဿနာပေါင်းများစွာကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း ရှုလင်ကျားဟာလည်းချင်းချိုးနှင့်မိစ္ဆာမျိုးနွယ်စု၏ရင်ထဲကရတနာလေးဖြစ်လာသည်ပင်။

ချင်းချိုး၌ မြေခွေးများသည်လူတို့အားဖြားယောင်းခြင်းနှင့်ကြက်သားစားရခြင်းကိုသဘောခွေ့ကြသော်လည်း မြေခွေးတို့၏ဓလေ့ထုံးစံများမှာရိုးစင်းလှပြီး နန်းတွင်းကဲ့သို့မရှုပ်ထွေးပေ။ ရှုလင်ကျားကမင်ချီ၏တစ်ဦးတည်းသောကလေးဖြစ်သဖြင့် လူတိုင်းကဒီသခင်လေးကိုဂရုစိုက်ပေးကာ ချဥ်းကပ်ကြသည်။

ရှုလင်ကျားကားချဥ်းကပ်ရမလွယ်ကူပုံပေါက်နေဆဲဖြစ်ပေမဲ့ သူချင်းချိုးကိုပြန်သွားတိုင်း အသွင်မပြောင်းသေးသည့်မြေခွေးများပင်သူ့ထံပြေးလွှားလာကာပတ်ပြေးဆော့ရသည်ကိုနှစ်ခြိုက်ကြသည်။

သို့သော် မိစ္ဆာမျိုးနွယ်စုမှာကွဲပြားပေသည်။ အဖွဲ့အစည်းတိုင်း၏တပ်ဖွဲ့များမှာရှုပ်ထွေးလှပြီး ပုန်ကန်ကြသည့်အရာရှိနှင့်စစ်သူကြီးတချို့လည်းရှိသည်ပင်။

တကယ်တမ်း လူတိုင်းဟာမိစ္ဆာမျိုးနွယ်စု၏ပျောက်ဆုံးသွားသောချစ်သားတော်လေးကိုအလွန်လေးစားကြသဖြင့် သူ့ကိုအနည်းငယ်အတိုက်အခံမပြုဝံ့ကြပေမဲ့ ချောင်ကျိကဲ့သို့အစ်ကိုတော်၏မျက်လုံးထဲတွင် ညီတော်လေးကအရင်ကအားနည်းကာကူကယ်ရာမဲ့သောကလေးလေးဖြစ်နေဆဲပင်။ မြေခွေးလေးကားတစ်ယောက်ယောက်ထံမှအနိုင်ကျင့်ခံရမည်ကိုအမြဲစိုးရိမ်နေခဲ့ရသည်။

ဒီနေ့ရှုလင်ကျားမိစ္ဆာမျိုးနွယ်စုထံပြန်လာချိန်တွင် ညီအစ်ကိုများကရှားရှားပါးပါးစုဝေးကာသောက်နေကြပြီး စိတ်ဓာတ်ရွှင်လန်းတက်ကြွနေကြသည်။

ချောင်ကျိကသူ့ညီတော်လေး၏ခေါင်းကိုသေရည်၏အကူအညီနှင့်အတူပုတ်လိုက်မိရာ လူသားဆံပင်နှင့်မြေခွေးအမွှေးမှာအလွန်ကွဲပြားသောခံစားမှုရှိသည်ဟုခံစားလိုက်ရသည်။ သူနောင်တရကာစိတ်သက်သာရာရသွားမိလျက်ပြောမိသည်။
"ငါ့ညီတော်လေးကအရွယ်ရောက်လာပြီပဲ၊ တခြားသူတွေနဲ့တိုက်ခိုက်တဲ့အခါကျရင်သူနောက်ကောက်ကျကျန်ခဲ့မှာမဟုတ်တော့ဘူး။ အစတုန်းကသူကမြေခွေးလေးပုံစံဖြစ်နေသေးတော့ သူအရပ်မရှည်လာတော့ဘူးလို့ထင်ပြီး ငါနှစ်ပေါင်းများစွာစိတ်ပူနေခဲ့ရတာ၊ သူသာဘဝတစ်လျှောက်လုံးဒီလိုဖြစ်နေမယ်ဆိုရင် ငါဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပေါ့?"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now