[၈၂] မန်းလီထောင်ရှင်း|မန်းလီထောင်ရှင်း

1.8K 368 1
                                    

!unicode!

မင်ရှောင်းနှင့်မုန့်ရှန်နှစ်ဦးစလုံးမှာပြန်ပေးဆွဲခေါ်ဆောင်သွားခံခဲ့ရပြီး တစ်ဖန်ပြန်လွှတ်ပေးခြင်းခံခဲ့ရကာ ခုနကရှင်းဇုန်၏နံဘေးတွင်ထိုင်နေခဲ့ပြီး ယခုတွင်ရှင်းဇုန်ဂိုဏ်းသားများနှင့်အတူတိုက်ခိုက်နေကြသည်။

ရှုလင်ကျားဖြတ်သွားပြီးနောက် လက်မြှောက်၍ မင်ရှောင်းကိုဝိုင်းထားသည့်လူနှစ်ဦး၏ပုခုံးဘယ်နှင့်ညာကိုပုတ်ကာ သူတို့ကိုညင်သာစွာတွန်းဖယ်လျက် ပြောလိုက်သည်။
"ကျွန်တော်လုပ်ပါရစေ။"

လူနှစ်ဦးမှာတစ်ဝက်တစ်ပြတ်တွန်းဖယ်ခံလိုက်ရသဖြင့် အနောက်လှည့်ကာဒေါသထွက်ရန်ပြင်လိုက်ပေမဲ့ ရှုလင်ကျားဖြစ်ကြောင်းမြင်လိုက်ရကာ စိတ်လျှော့၍အရိုအသေပေးပြီး
"ရှုရှစ်ရှုန်း"ဟုဆိုကာ ဘေးဖယ်ပေးလိုက်ကြသည်။

ထို့နောက် လူတိုင်း၏စောင့်ကြည့်နေသောမျက်လုံးများအောက်၌ ရှုလင်ကျားက"ဟမ့်"ခနဲဆိုကာ သူ့ဓားကိုမင်ရှောင်းထံလွှဲခုတ်လိုက်သည်။

ဤတိုက်ကွက်ကားလျင်မြန်ကာ အကြင်နာတရားကင်းမဲ့ပြီး ရက်စက်လှသဖြင့် ခုတ်ပိုင်းမှုသာအစစ်ဖြစ်လို့ရှိရင် မင်ရှောင်း၏ဦးခေါင်းမှာလေထဲတိုက်ရိုက်လွင့်ပျံသွားလောက်သည်။

သူကားတိုက်ပွဲမြေပြင်တွင်အခက်ထန်ဆုံးတိုက်ကွက်ရှိသည့်လူတစ်ယောက်ဖြစ်ပေမဲ့ သူ့အနီးဝန်းကျင်ရှိလူတိုင်းကိုအံ့အားသင့်သွားစေသည်။

အခြားသူတို့မှာလူကယ်ဖို့လုပ်နေသဖြင့် မရက်စက်ရဲကြပေ။ ကံကောင်းထောက်မစွာဖြင့် ရှုလင်ကျားကပြဿနာကိုအရင်းအမြစ်မှတိုက်ရိုက်ဖြေရှင်းနိုင်သည်။ သူရူးမရူးအရေးမကြီးပေ၊ မည်သို့ပင်ဖြစ်စေ သူ့ကိုသတ်လိုက်လို့ရှိရင် သေချာပေါက်ဒုက္ခဖြစ်စေလိမ့်မည်မဟုတ်။

သို့သော် ဒီတစ်ခေါက်တွင် မင်ရှောင်းကပိတ်ဆို့လာသည်။

သူ၏ကိုယ်ပိုင်အစွမ်းအစများမှာသိပ်မထူးချွန်ပေမဲ့ သူ့ရင်ထဲရှိစိတ်ခံစားချက်များထိန်းချုပ်မှုလွတ်ထွက်သွားသည်နှင့် သူ၏စိတ်ဝိညာဥ်စွမ်းအားပေါက်ကွဲထွက်လာကာ သူ၏ခွန်အားမှာသဘာဝအလျောက်အချိန်တိုအတွင်းတိုးတက်လာလိမ့်မည်ပင်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now