[၃၆] ရှန့်ယင်လျို့ရှား|ရွန့္ယင္လ်ိဳ႕ရွား

4.1K 830 9
                                    

!unicode!

.....

ဤသည်ကား သူတို့နှစ်ဦးပွေ့ဖက်သည့်ဒုတိယအကြိမ်ဖြစ်ကာ ၎င်းမှာ သူကိုယ်တိုင်လက်ဦးမှုရယူ၍ ရှုလင်ကျားကိုဖက်လိုက်သည့်ပထမဆုံးအကြိမ်ဖြစ်၏။

ရှုလင်ကျားသည်ကျင်းဖေးထုန်၏ပွေ့ဖက်ခြင်းခံလိုက်ရကာ တစ်ဖက်လူ၏ရင်ဘတ်ကားနွေးထွေးပြီး ကျယ်ပြန့်သည်ကိုခံစားလိုက်ရကာ သူ၏နှလုံးသားမှာအတွင်းပိုင်းတွင်လေးလံစွာခုန်ပေါက်လျက်ရှိပြီး အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။

ကျင်းဖေးထုန်၏ကိုယ်သင်းရနံ့မှာသူ့ပတ်ပတ်လည်တွင်တွယ်ငြိလျက်ရှိပြီး ညအချိန်တွင်လေညှင်းယူဆောင်လာသော ပန်းပွင့်ရနံ့နှင့်အနည်းဆင်တူကာ ရန်မျိုးစုံကင်းဝေပြီး စိတ်ပူပင်မှုကိုပပျောက်စေသည်။

ကံကောင်းမှုတန်ဖိုးမြင့်တက်မှုနှုန်းကားအလွန်အမင်းမြန်ဆန်စွာလျင်မြန်လာပုံမှာ သူ့ကိုသက်သာအောင်ကူညီဖို့မစောင့်နိုင်တော့သည့်နှယ် နွမ်းလျသွားသည့်ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ ခပ်မြန်မြန်ပြည့်တင်းလာပေသည်။

ကျင်းဖေးထုန်ကသူ့ကိုရုတ်တရက်ဖက်လာလိမ့်မည်ဟု ရှုလင်ကျားမထင်ထားမိပေ။ သူ၏ပထမဆုံးတုံ့ပြန်မှုကားရုန်းထွက်ရန်ဖြစ်ပေမဲ့ သူ့အပေါ်မှီတွယ်နေရင်းဖြင့် သူ့တစ်ကိုယ်လုံးမှာပျင်းရိလေးလံလာကာ မလှုပ်ရှားချင်တော့သည်ကိုခံစားမိလိုက်သည်။

ဤဖက်တွယ်မှု၊ ဆန္ဒမရှိ​ခြင်းနှင့်နာကျည်းချက်တို့အားလုံးမှာ နားလည်ကြသည့်အလား စိုးရိမ်ပူပင်မှုနှင့်မောပန်းမှုတို့မှာလျော့ပါးသွားချေသည်။

သူ၏တင်းမာနေသောအာရုံကြောများမှာဖြည်းညှင်းစွာပြေလျော့သွားပြီး ဤအခိုက်အတန့်ရှိအဖြစ်အပျက်ကိုမစုံစမ်းချင်တော့ဘဲ မျက်စိမှိတ်၍ ကျင်းဖေးထုန်၏ပုခုံးပေါ်မေးစေ့တင်လိုက်သည်။

ပတ်ပတ်လည်၌ နေရောင်ခြည်ကားနွေးထွေးကာ  ပန်းပွင့်များမှာမွှေးပျံ့လျက်ရှိသည်။

ကျင်းဖေးထုန်ကသူ၏စိတ်အခြေအနေကိုနားလည်သွားပုံရကာ ရှုလင်ကျား၏ကျောပြင်ကိုခပ်ဖွဖွပုတ်၍ ပျော့ပြောင်းစွာဆိုလာသည်။
"စိတ်မပူနဲ့။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now