[၉၃] လျိုးရွှေ့ကွေ့ဖူ|လျိုးရွှေ့ကွေ့ဖူ

1.9K 372 0
                                    

!unicode!

ရှုလင်ကျားထိုသို့အကြိမ်ပေါင်းများစွာတွေးမိပေမဲ့ အခုတကယ်တမ်းကြားလိုက်ရသော် ကြောက်မက်ဖွယ်စိတ်ကူးယဉ်ဆန်မှုတစ်စွန်းတစ်စကိုခံစားလိုက်ရသည်။ သူ့လည်ချောင်းထဲတွင်တစ်ခုခုတစ်ဆို့နေသည့်အလားခံစားလိုက်ရကာ တိတ်ဆိတ်စွာဖြင့်လော်ရှောင်း၏လက်ဖဝါးနှင့်ဝတ်ရုံလက်ကိုမသိလိုက်မသိဘာသာလှမ်းဆုပ်ကိုင်လိုက်မိသည်။

လော်ရှောင်းကရှုလင်ကျား၏လက်ကိုထပ်လှုပ်ခါ၍ပြောလာသည်။
"ငါအရမ်းအံ့သြသွားတာ၊ အရင်ကဘာဖြစ်ခဲ့မှန်းငါမသိတာမို့ ငါတို့ညီအစ်ကိုနှစ်ယောက်နှစ်တွေအကြာကြီးအတူရှိ​နေခဲ့ပေမဲ့...."

ထိုနှစ်များကလွဲမှားမှုနှင့်မှားယွင်းမှုတို့ကိုတွေးမိသွားကာ တစ်အောင့်မျှအလိုလိုတန့်သွားပေမဲ့ ပြန်လည်ပျော်ရွှင်သွားကာပြောလိုက်သည်။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းရဲ့သရုပ်မှန်ကိုငါမမှားဘူးဆိုတာသေချာတယ်၊ အခုအစ်ကိုတော်ပြောတာကိုသေချာနားထောင်၊ ငါနောက်ထပ်ပြောတော့မဲ့အရာကအရမ်းအရေးကြီးတယ်။"

"ယန်ယွီကအငြိုးကြီးနေလို့ တစ်ဝက်ရူးနေပြီးသား။ သူကအစကဇုန်ဝူရှင်းကိုရှာပြီးတော့ သူ့အစွမ်းကိုအသုံးချပြီးဒီလောကကြီးထဲကလူတွေကိုအပြန်အလှန်သံသယဝင်ပြီးတော့အချင်းချင်းသတ်ဖြတ်စေချင်တာ၊ ဒါပေမဲ့ဇုန်ဝူရှင်းပျောက်နေတာကြာပြီဆိုတော့ သူနည်းလမ်းပြောင်းလိုက်ပြီ။"

လော်ရှောင်းကရှုလင်ကျား၏လွှတ်ကာ သူ့ပုခုံးပေါ်ပုတ်လျက်ပြောလာသည်။
"ငါ့အစီအစဥ်က အစကတော့သူနဲ့ပူးပေါင်းပြီးရင်သူ့ကိုရှင်းပစ်ဖို့နည်းလမ်းရှာချင်ခဲ့တာပဲ။ ဒါပေမဲ့အခုအချိန်မကျသေးတော့ ယန်ယွီကအတိတ်ကမိစ္ဆာကပ်ဘေးကိုတုပပြီး မိစ္ဆာတွေကိုအရင်ရှင်းပစ်ချင်နေတာ၊ မင်းဒီကအရင်ဆုံးထွက်သွားပြီး သျယ်ဟွေ့နဲ့အခြားသူတွေဆီပြန်သွားပြီးတော့ဆွေးနွေးလိုက်။"

လော်ရှောင်း၏လေသံကမူမမှန်ဟုရှုလင်ကျားခံစားလိုက်ရကာ သူပိုနားထောင်လေလေ သူပိုမိုသံသယဝင်လာမိလေလေပင်။ သူ၏ရှုပ်ထွေးနေသောစိတ်ခံစားချက်များကိုဘေးပို့၍ မေးမိသည်။
"အစ်ကိုကကော?"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now