[၇၆] ရှိကျန်းပေသော်|ရှိကျန်းပေသော်

2.1K 383 1
                                    

!unicode!

နောက်တစ်နေ့မနက်ရှုလင်ကျားမျက်လုံးပွင့်လာသော် သူပထမဆုံးလုပ်သည့်အရာမှာသူ့အမြှီးကိုဆွဲ၍တစ်ချက်ကြည့်လိုက်ခြင်းဖြစ်ပေမဲ့ သူစိတ်ပျက်သွားရသည်၊ အမြှီးအရောင်မှာပြန်မပေါ်လာဘဲ သူ့ကိုလုံးဝထားသွားပြီဖြစ်လေသည်။

စိတ်ဖိစီးစွာဖြင့် ရှုလင်ကျားမှာအိပ်ရာဘေးရှိစားပွဲခုံကိုလက်ဖဝါးလေးဖြင့်အကြိမ်အနည်းငယ်မျှကုတ်ခြစ်လိုက်မိရာ ကျင်းဖေးထုန်ကိုနိုးသွားစေသည်။

ကျင်းဖေးထုန်သည်သူ့အမြှီးကိုဘေးပို့ထားသည်ကိုမြင်လိုက်ရပြီး ရှုလင်ကျားမှာထိုကိစ္စနှင့်ပတ်သတ်၍စိတ်ဖိစီးနေဆဲဖြစ်ကြောင်းသိသွားရကာ ကူကယ်ရာမဲ့စွာရယ်မောမိလျက်နှစ်သိမ့်ပေးလိုက်၏။
"အရမ်းကြီးအလေးအနက်မထားပါနဲ့ကွာ၊ အရင်ကမင်းရဲ့အမွှေးအရောင်ကလည်းသိပ်မသိသာတော့ လူအများစုသတိထားမိကြမှာမဟုတ်ဘူး၊ ပြီးတော့ လက်ရှိပုံစံကလည်းအရမ်းကြည့်ကောင်းတယ်လေ၊ အကုန်လုံးဖြူစွတ်သွားတော့ အရမ်း....ရက်စက်၊ မှင်တက်စရာကောင်းပြီးတော့ခက်ထန်တယ်၊ ပိုပြီးတော့တောင်ပြင်းထန်တဲ့အရှိန်အဝါရှိသွားသေးတယ်ဗျာ။"

ခွန်အားကြီးခြင်းအပြင် သူဟာအဓိပ္ပါယ်တူညီသည့်ဝေါဟာရစကားစုများစွာပေါင်းထည့်လိုက်သည်။

ရှုလင်ကျားကကျင်းဖေးထုန်ကိုမော့ကြည့်ကာ သူ့ပါးစပ်ကိုလက်ဖဝါးလေးဖြင့်ကာ၍ သမ်းဝေလျက် သူဟာသူပြောသည့်စကားကိုပျင်းရိကြောင်းဖော်ပြလို့နေသည်။

သူပြောလိုက်သည်။
"ကျွန်တော့်အကြောင်းမပြောနဲ့တော့၊ ခင်ဗျားဒဏ်ရာဘယ်လိုနေလဲ။"

ကျင်းဖေးထုန်ကနားထင်နှစ်ဖက်ကိုပွတ်ကာပြောလာသည်။
"အဆင်ပြေပါတယ်၊ စိတ်မပူနဲ့၊ တကယ်တော့ ဒါကဒဏ်ရာလုံးဝမဟုတ်ဘူး၊ ခုနကချိပ်စည်းကိုဖွင့်လိုက်တော့ မှော်စွမ်းအားကအရမ်းပြင်းတာမို့ ကိုယ့်မိစ္ဆာအတွင်းစိတ်ကိုထိသွားတာ၊ မင်းကိုမြင်လိုက်ရလို့ပိုကောင်းသွားပါပြီ။"

နှစ်ဦးသားစကားပြောနေရင်း တစ်စုံတစ်ယောက်ကအပြင်မှမေးလာသည်ကိုကြားလိုက်ရသည်။
"ရှုသခင်လေးရှိပါသလားခင်ဗျာ။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now