1.7K 364 3
!unicode!
ယခင်ကအပြုံးနှင့်သိမ်မွေ့ညင်သာသောပုံပန်းသွင်ပြင်နှင့်ကွဲပြားစွာပင်၊ ကျင်းဖေးထုန်၏မျက်နှာမှာဆီးနှင်းခဲများနှင့်ဖုံးအုပ်လို့နေပြီး သူကသူ့ခန္ဓာကိုယ်ကိုအနောက်သို့လွှဲရမ်းကာဖြင့် ရှုလင်ကျား၏ဘေးတွင်ရပ်လိုက်သည်။
သူကဟယ်ဇီကျိုးကိုအေးစက်စက်စူးစိုက်ကြည့်လိုက်ပြီးနောက် ခေါင်းလှည့်ကာရှုလင်ကျားကိုကြည့်လိုက်သည်။
ဒီတစ်ခေါက်ရှုလင်ကျားမှာအခြားသူတို့ထံမှကစားခံခဲ့ရသဖြင့် တကယ့်ကိုရယ်ချင့်စရာကောင်းသည်ဟုတွေးမိရုံသာဖြစ်ပြီး ယခုတွင်သူ၏မျက်နှာမှာအလွန်အရုပ်ဆိုးနေမည်မှန်းသိနေသဖြင့် ၎င်းဟာဘဝတစ်လျှောက်လုံးတွင်ကြုံတောင့်ကြုံခဲအရှက်ရဖွယ်အခိုက်အတန့်ဟုပြောလို့ရသည်။
သူကားအမြဲတစေသန်မာနေခဲ့ပေရာ တစ်ဖက်လူကကျင်းဖေးထုန်ဖြစ်နေရင်တောင် ရှုလင်ကျားသူ့ထံမှထိုကဲ့သို့အမြင်မခံချင်သဖြင့် သူခေါင်းလှည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်များကိုအတင်းဆွဲတင်ကာပြောလိုက်သည်။
"ခင်ဗျားဒီရောက်လာပြီပဲ၊ မြန်လိုက်တာ။"
ကျင်းဖေးထုန်သူ့ကိုကြည့်လိုက်ပြီး တိတ်တဆိတ်သက်ပြင်းချမိကာ ခေါင်းအသာခါမိသည်။
ရှုလင်ကျားဘာမှထပ်မပြောနိုင်မီ ကျင်းဖေးထုန်ကလက်မောင်းများဖွင့်ဟကာဖြင့်သူ့ကိုတင်းကြပ်စွာပွေ့ဖက်လာပေသည်။
အတိတ်ကညင်သာမှုနှင့်ကွဲပြားစွာဖြင့် ဒီတစ်ခေါက်သူ့လက်မောင်းများမှာတင်းကြပ်လို့နေပြီး အနည်းငယ်မျှနာကျင်သော်ငြား ၎င်းဟာလူတို့အားမနှိုင်းယှဥ်နိုင်လောက်ဖွယ်ရာစိတ်အေးချမ်းမှုကိုပေးစွမ်းလျက်ရှိသည်။
ဤကဲ့သို့အပူနှင့်နွေးထွေးမှု၊ ဤကဲ့သို့အလေးမထားမှု။
ကျင်းဖေးထုန်ကသူ့နားထဲတွင်တီးတိုးပြောလာသည်ကိုရှုလင်ကျားကြားလိုက်ရသည်။
"ကိုယ်ဒီမှာရှိတယ်။"
အစမှအဆုံးထိတိုင်အောင် ဤစကားလုံးလေးလုံးမှာပြောင်းလဲမသွားပေ။
ရှုလင်ကျားအစကသူ့ကိုတွန်းထုတ်ပစ်လိုက်ချင်ပေမဲ့ ဒီစကားကိုကြားလိုက်ရသော် သူခုနကတောင့်ထားသောခွန်အားမှာရုတ်တရက်ချင်းလျှော့ကျသွားသည်ဟုရုတ်ခြည်းခံစားလိုက်ရသည်။
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now