[၂၅] နွေဦးစားသောက်ပွဲတော်|နွဦေးစားသောက်ပွဲတော်

4.4K 911 14
                                    

!unicode!

"မြေခွေးလေးသေရည်သောက်နေစဥ် မဖော်ပြနိုင်လောက်အောင်ရင်းနှီးသောအကြည့်မှာ တစ်ခါတရံချစ်ဖို့ကောင်းပြီး တခါတလေဒေါသထွက်နေပုံမှာ လူသားတစ်ယောက်အတိုင်းပင်။"

........................................................................

ကျင်းဖေးထုန်သည်ပန်းရောင်ပန်းပွင့်လေးကိုသိမ်းကာ မြေခွေးလေးထံသို့လက်ဖြန့်ပေးလိုက်၏။
"မင်းထပ်လာမယ်လို့ကိုယ်မထင်ထားဘူး။ မင်းဘယ်လိုလုပ်ပြီးကိုယ့်ကိုအမြဲရှာတွေ့တာများလဲ။"

သူနောက်ဆုံးတွင်ဖြည်းညှင်းစွာပြုံးလိုက်သည်။
"ပထမနှစ်ကြိမ်တွေ့ဆုံခဲ့တာကသိပ်မကောင်းဘူး။ မင်းဒီနေ့ကိုယ်တိုင်ကိုယ်ကျရောက်လာမှတော့ ကိုယ်...မင်းကိုညစာစားဖို့ဖိတ်ချင်တယ်။"

["တစ်စုံတစ်​ယောက်ကငါနဲ့အတူတစ်စားပွဲတည်းမှာထိုင်တယ်၊ တစ်စုံတစ်ယောက်ကဆန်ပြုတ်နွေးမနွေးငါ့ကိုမေးလာတယ်။"--ဗီလိန်နှင့်အတူညစာစားပြီး လောကကြီးရဲ့နွေးထွေးမှုကိုသူ့ကိုခံစားခွင့်ပေးလိုက်ပါ။]

ရှုလင်ကျားမစားချင်ပေမဲ့ စနစ်ကထိုသို့ပြောလာလေရာ သူလည်းပဲသဘောမနောကောင်းစွာဖြင့်ကျင်းဖေးထုန်၏လက်ဝါးပေါ်တွင်ရပ်လိုက်သည်။

ကျင်းဖေးထုန်ကရှုလင်ကျားကိုချီကာ အခန်းထံမှထွက်၍ပြောလိုက်သည်။
"တစ်ယောက်ယောက်လာစမ်း။"

ချက်ချင်းပင်၊ နန်းတွင်းအစောင့်များစွာသူ့ရှေ့တွင်ပေါ်လာပြီး ဒူးတစ်ဖက်ထောက်ချလိုက်ကြသည်။

ကျင်းဖေးထုန်ပြောလို​က်သည်။
"ခန်းမထဲမှာစား​သောက်ပွဲတစ်ပွဲသွားပြင်ချေ။ ပြီးတော့ အခန်းထဲကအလောင်းကိုလည်းသန့်ရှင်းပြီး ရှုသခင်လေးမြင်အောင်လို့ ချင်းချိုးဆီပို့..."

ရှုလင်ကျား: "?"

ကျင်းဖေးထုန်ဤနေရာအထိပြောလိုက်ပြီးနောက်တစ်အောင့်မျှတုံ့ဆိုင်းသွားမိသည်။ ရှုလင်ကျားကမထွက်သွားခင်တွင် သူကသူ့ကတိကိုတည်ပြီး သွမ့်ဟောင်ရန်ကိုရှင်းပြလိမ့်မည်ဟုမျှော်လင့်မိကြောင်း သူ့ကိုပြောသွားခဲ့သည်။ ယခု၌ သူဒါကိုဆောင်ရွက်ပြီးသွားပြီဖြစ်သဖြင့် သူ၏ပထမဆုံးအတွေးကား ပင်ကိုယ်အားဖြင့် သူ့ကိုယ်သူသက်သေပြဖို့ရာ ရှုလင်ကျားအားဒါကိုမျက်စိနှင့်တပ်အပ်မြင်တွေ့စေချင်လိုသည်။
သူလိမ်ညာမပြောခဲ့သည်ဖြစ်ရာ ယင်း၏ဓားဝိညာဥ်ကိုတစ်ခုခုပြောဆိုနိုင်ပေလိမ့်မည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now