[၈၉] ချွမ်းပိုင်ဝမ်ကျီ|ခြၽမ္းပိုင္ဝမ္က်ီ

1.7K 353 0
                                    

!unicode!

နောက်တစ်နေ့စောစီးသောမနက်ခင်းတွင် ကျင်းဖေးထုန်မျက်လုံးဖွင့်လိုက်သည်။

တစ်ညလုံးတရားထိုင်ပြီးနောက်၌ သူ့ကိုယ်ထဲရှိစိတ်ဝိညာဥ်မှာတဖြည်းဖြည်းချင်းတည်ငြိမ်သွားပြီး သူသက်တောင့်သက်တာဖြစ်ကာ အားအင်အပြည့်ဖြစ်နေပေမဲ့ သူ၏ဘယ်ခြေထောက်မှာတော့ဖြင့် တစ်စုံတစ်ခုကဖိထားသည့်အလား အနည်းငယ်ထုံကျင်လို့နေသည်။

ကျင်းဖေးထုန်ငုံ့ကြည့်လိုက်ရာ သူ့ပေါင်ပေါ်တွင်လှဲအိပ်နေသောမြေခွေးလေးမှာ သူ့ဝတ်ရုံလက်စကိုဝမ်းဗိုက်ပေါ်မှာခြုံထားပြီး မသိမသာဟောက်လျက် အသက်ရှုမှန်မှန်အိပ်မောကျနေသည်ကိုမြင်လိုက်ရပေသည်။

၎င်းမှာသိသိသာသာကိုချစ်စရာကောင်းသောမြင်ကွင်းဖြစ်သော်ငြား မတိုင်ခင်ကဖြစ်ပျက်ခဲ့သည့်အရာများကိုတွေးကြည့်ရင်း ရှုလင်ကျားကယခုအခိုက်အတန့်မှာပူပင်ကြောင့်ကြမဲ့စွာအိပ်ပျော်နေသည်ကိုမြင်လိုက်ရရင်းဖြင့် ကျင်းဖေးထုန်၏နှလုံးသားတွန့်လိမ်သွားရကာ မဖော်ပြနိုင်သောနာကျင်မှုတစ်စွန်းတစကိုခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ကိုမလှုပ်ဘဲ သူ့ဝတ်ရုံကိုပိတ်ကာရှုလင်ကျားအတွက်လေကာပေးလိုက်ပြီး သူနိုးလာမှာကိုစောင့်နေလိုက်သည်။

ရှုလင်ကျားကားစိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာမောပန်းနွမ်းနယ်လို့နေသဖြင့် ဒီတစ်ခေါက်နက်ရှိုင်းစွာအိပ်မောကျသွားမိပြီး ကျင်းဖေးထုန်၏ခြေထောက်များမှာဂူကြမ်းပြင်ထက်ပိုပြီးသက်တောင့်သက်တာရှိသည်မို့ မြေခွေးများသာလျှင်နူးညံ့သောအိပ်ရာပေါ်တွင်အချိန်မရွေးအိပ်ပျော်နိုင်သည်။

ရှုလင်ကျား၏အိပ်မက်ထဲတွင် တစ်စုံတစ်ယောက်ကသူ့နာမည်ကိုခေါ်လာသည်ကိုအမြဲကြားရလေ့ရှိသည်။ ၎င်းမှာရေးတေးတေးယောက်ျားနှင့်မိန်းမအသံဖြစ်ပေမဲ့ သူတို့ဘာပြောနေလဲသေချာမကြားရပေ။

သူ့ခန္ဓာကိုယ်မှာမသိလိုက်မသိဘာသာတွန့်သွားပြီး နောက်ဆုံးတွင်နိူးလာတော့သည်။

ရှုလင်ကျားမျက်လုံးမဖွင့်ခင် အလွန်ဖျော့တော့သောကိုယ်သင်းရနံ့ကိုရလိုက်ပြီး ၎င်းမှာချိုမြမြပန်းရနံ့နှင့်အနည်းငယ်ဆင်တူသည်။ ထပ်ကြည့်ကြည့်လိုက်ရာ သူ့ရှေ့တွင်ဝါးပုံစံချည်ထိုးထားသည့်ဝတ်ရုံစက ကန့်လန့်ကာပမာ မျက်စိစူးလောက်သောအလင်းရောင်ကိုပိတ်ဆို့ပေးထားသည်ကိုမြင်လိုက်ရသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now