[၁၀၄] သုန့်ဖုန်ကျို့လဲ့|သုန့္ဖုန္က်ိဳ႕လဲ့

1.9K 400 8
                                    

!unicode!

သူနှင့်ရှုလင်ကျားတွေ့ဖူးသည့်တစ်ခါကိုယွဲ့ထောင်ပြန်တွေးကြည့်မိရာ ထိုအချိန်တုန်းကသူတို့အပြန်အလှန်စကားလုံးအနည်းငယ်သာပြောဖြစ်ခဲ့ကြသည်။

သူ့မှာထိုကဲ့သို့အခွင့်အရေးရှိခဲ့ပေမဲ့လည်း သူဟာသူ၏ညီအရင်းကိုမမှတ်မိခဲ့သဖြင့် သူထိုမျှအလွယ်လေးသူ့ကိုမလွှတ်ပေးလိုက်နိုင်ပေ။

ထို့အပြင် အကြီးဆုံးအစ်ကိုတော်...ယွဲ့ထောင်နှင့်လော်ရှောင်းကြားတွင်သုံးလသာကွာသဖြင့် သူတို့နှစ်ဦးကြားရှိပြိုင်ဆိုင်မှုမှာတကယ်တော့ငယ်စဥ်ကတည်းကပင်ကိုယ်ဗီဇတစ်မျိုးဖြစ်ပြီး ယှဥ်ပြိုင်မှုနှင့်မနာလိုရှုစိမ့်မှုတို့ရှိဆလာက်ပေမဲ့ သူလော်ရှောင်းကိုဘယ်တုန်းကမျှတကယ်မသေစေချင်ခဲ့ပေ။

၎င်းကသူ့အစ်ကိုတော်ဖြစ်သည်၊ သူ၏အစ်ကိုတော်မှာဆိုးဝါးသောဘဝရှိခဲ့ပေရာ သူ့မျက်နှာကသိပ်ကိုတောက်ပရမည်မဟုတ်ဘူးလား။ အသက်ရှုဖို့တိုက်ခိုက်ပြီး သူဟာလူဆိုးတစ်ဦးမဟုတ်ကြောင်းသက်သေပြခြင်းကားမှန်ကန်ပေမဲ့ သူ၏အတွေးတို့ကိုကောင်းမွန်စွာထုတ်ပြဖို့ရာ....သူ့မှာအချိန်မရှိလိုက်ရုံသာ။

သို့သော် သူတို့နေသားကျနေပြီဖြစ်သည့်သူတို့ကြားရှိဤကဲ့သို့ဆက်ဆံရေးမျိုးဟာအဆုံးတွင်ဆိုးယုတ်သောနှလုံးသားနှင့်တစ်စုံတစ်ယောက်၏အသုံးချခြင်းခံလိုက်ရပြီး ၎င်းတို့ကသူတို့ကိုသွေးခွဲလာလိမ့်မည်ဟုလော်ရှောင်းနှင့်ယွဲ့ထောင်နှစ်ဦးစလုံးတကယ်မထင်ထားမိပေ။

အဆုံး၌ လော်ရှောင်းကရာထူးကိုစွန့်လွှတ်ကာထွက်သွားခဲ့ပြီး မည်သူကမျှသူနှင့်အငြင်းအခုံမပြုခဲ့ကြပေရာ ယွဲ့ထောင်မှာမိစ္ဆာမျိုးနွယ်စုတွင်နေထိုင်ရန်ရှက်ရွံ့မိသဖြင့် ပီလော့နန်းတော်ကိုသွားခဲ့သည်။

အာဏာအစစ်ကိုရရှိပြီးနောက်ပိုင်း၌ သူဟာလည်းသူ၏အကြီးဆုံးအစ်ကိုတော်နှင့်အငယ်ဆုံးညီတော်၏တည်နေရာကိုရှာဖွေခဲ့ပေမဲ့ အရိပ်အယောင်စိုးစဥ်းမျှမတွေ့ခဲ့ရပေ။

ဤနှစ်များတွင်တစ်ကိုယ်တည်းဖြစ်နေရင်းဖြင့် ယွဲ့ထောင်မှာထိုအတိတ်ဖြစ်ရပ်တို့ကိုအဖန်တလဲလဲတွေးမိကာ သူကားငယ်ရွယ်ကာရန်လိုခဲ့ပြီး မသင့်လျော်သောအရာများစွာကိုပြုလုပ်ခဲ့မိကာ ညီအစ်ကိုများကြားရှိဆက်ဆံရေးကိုပြေလည်အောင်လုပ်ဖို့အခွင့်အရေးမရှိခဲ့သည်ကိုကြီးစွာနောင်တရမိသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now