[၄၄] ရန်ဖေးချန်ကန့်လန့်ကာ|ရန္ေဖးခ်န္ကန့္လန့္ကာ

3.9K 708 11
                                    

!unicode!

နန်ဇီတောင်ထွတ်ကား ၎င်း၏ထူးခြားဆန်းကြယ်ကာလှပတင့်တယ်သောရှုမြင်ကွင်းကြောင့် အမြဲတစေကျော်ကြား​ပေသည်။ ဤကဲ့သို့ပင် နှင်းမှုန်နှင့်ပန်းပွင့်များ၊ နေဝင်ချိန်နှင့်တောင်ထိပ်တွင်တိုက်ခတ်လျက်ရှိသည့်လေညှင်းတို့ကြောင့် နေရာတိုင်းတွင်အရောင်အသွေးစုံလင်လှပေသည်။

လွန်ခဲ့သောလအနည်းငယ်ခန့်က ကျင်းဖေးထုန်ဖိတ်ကြားလွှာရရှိသည့်အခါ သူပျင်းရိသွားခဲ့သည်။ သူ့အတွက် ရှုခင်းကမည်မျှလှပနေပါစေ တစ်ခါမြင်ပြီးသည်နှင့်သာမညောင်ညဖြစ်သွားခဲ့သည်။ ထို့အပြင် ဓားစမ်းသပ်ရေးညီလာခံတိုင်းဟာ ဓားရေးယှဥ်ပြိုင်ရုံတင်မကဘဲ လူတို့နှလုံးသားနှင့်လိုအင်ဆန္ဒတို့၏အတက်အကျတို့ပါယှဥ်ပြိုင်ခြင်းဖြစ်သည်မို့ ကြည့်ရတာပျင်းစရာကောင်းလှသည်။

သို့သော် ထိုအချိန်တုန်းက ရှုလင်ကျားကိုတွေ့ရမည်မှန်းသူမသိခဲ့ပေ။ ဤရက်အနည်းငယ်ဟာ သူအချိန်အတန်ကြာမရှိခဲ့သည့်အပန်းဖြေချိန်ဖြစ်ခဲ့သည်။ သတင်းလာတင်ပြသောသူ့ငယ်သားတို့ကြောင့်မဟုတ်လျှင် သူဒီနေရာကိုဘာအတွက်ရောက်နေမှန်းမေ့သွားလောက်သည်။

သူဘာလုပ်နေလဲဆိုတာ ရှုလင်ကျားကိုကြိုပြောပြချင်ရုံသာ။

နန်ဇီတောင်ထွတ်ထိပ်ရှိလျို့ဝှက်ဂူကား နှစ်ပေါင်း၂ဝတိုင်းတွင်တစ်ကြိမ်သာဖွင့်လို့ရသည်။ ၎င်းကဘိုးဘေးဘီဘင်နတ်ဘုရားတို့ကိုအထင်ကြီးလောက်စေသည့်ဓားစွမ်းအင်ကိုအာရုံခံနိုင်သည်။ ထို့ကြောင့် နှစ်ရာပေါင်းများစွာတိုင်အောင် မည်သူကမျှအထဲဝင်နိုင်ခဲ့ခြင်းမရှိ။

ကျင်းဖေးထုန်ဒီတစ်ခေါက်မလာခင် အစီအစဥ်ကြိုဆွဲခဲ့သည်။ ဒီတစ်ကြိမ်ဓားစမ်းသပ်ရေးညီလာခံမှာဘယ်သူပဲနိုင်နိုင် လျို့ဝှက်ဂူပွင့်လာသည်နှင့် သူဝင်ကိုဝင်သွားရမည်။

လွန်ခဲ့သောနှစ်တစ်ရာခန့်ကလျို့ဝှက်ဂူထဲဝင်ခဲ့သည့်နောက်ဆုံးလူအနေဖြင့် ဓားစွမ်းအင်သုံးကာ ဖောက်ဝင်ဖို့ကသူ့အတွက်ပြဿနာမရှိပေ။

သို့သော် ထိုအချိန်တုန်းက ရှုလင်ကျားပါမည်မှန်းသူမသိခဲ့ပေ၊ အခြားသူများနှင့်ပတ်သတ်၍ သူတွေးပေးစရာမလို။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now