အခန်း ၂ အသက် ၂၀ အရွယ်သို့ တဖန်.....

6.2K 633 1
                                    

လော့ယောင်ယောင် သူမရဲ့ မရင်းနှီးပေမယ့် ရင်းနှီးနေတဲ့ လက်တွေကို ကြည့်လိုက်သည်။

မရင်းနှီးရတဲ့အကြောင်းရင်း ဘာလို့လဲဆိုတော့ သူမဘယ်ဘက်လက်ပြင်မှာ အရင်က တိမ်နေတဲ့ အမာရွတ်တစ်ခုရှိသည်လေ လက်အနာကို သေချာကုခဲ့ပေမယ့် အနာက နက်တော့ အမာရွတ်သေးသေးလေးကျန်ခဲ့တာ ရင်းနှီးတာက ဘာလို့လဲဆိုတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အခုကျ အမာရွတ်လည်းမရှိတော့ဘူး လက်အရွယ်အစားက လက်ချောင်းအရှည် လက်ဖဝါးပုံစံက အရင်ကနဲ့ တူတူပဲ

လော့ယောင်ယောင် လက်ရှိအခြေအနေကို နည်းနည်းစိတ်ရှုပ်လို့နေသည်။ မျက်လုံးဖွင့်လိုက်တော့ ပိုးသတ်ဆေးအနံ့တွေ ပျံ့နေတဲ့ ဆေးရုံတစ်ခုကိုရောက်နေတာ သိလိုက်ရသည်။ သူမ သေသွားးရမှာမဟုတ်ဘူးလား? မျက်လုံးမှိတ်လိုက်တဲ့ချိန် ကွန်ကရစ်တုံးကြီးက သူမမျက်လုံးရှေ့ကို ရောက်နေတာကို ပြန်သတိရလိုက်မိသည်။ ထိုကဲ့သို့သော ကြောက်ရွံ့မှုမျိုးက ပြန်ခံစားရဖို့ဝေးတွေးတောင် မတွေးချင်ဘူးလေ

ဒါမဲ့ သူမသေသွားတယ်ဆို ဘယ်လိုလုပ် ဒီဆေးရုံကိုရောက်နေမှာလဲ

လော့ယောင်ယောင် သူမမျက်နှာကို အလန့်တကြားနဲ့ထိလိုက်မိသည်။ဘာအမာရွတ် ဘာပတ်တီးမှမတွေ့တော့မှ သူမ သက်ပြင်းချလိုက်မိသည်။သူမ ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်သေးဘူးပဲ ဒါမဲ့လည်း ဒါက အဓိပ္ပာယ်မရှိဘူးလေ

လော့ယောင်ယောင် တော်တော်ကြာတဲ့ထိ အိပ်ရာပေါ်မှာထိုင်နေခဲ့သည်။ သူနာပြုက သူမ နိုးနေတာ မြင်တော့ ဆရာဝန်ကိုချက်ချင်းလှမ်းခေါ်လိုက်သည်။ လော့ယောင်ယောင်က လက်ရရှိအခြေအနေကို နားမလည်သေးပေမယ့် ဆရာဝန် မေးတာ ဖြေပေးရမယ်ဆိုတာကိုတော့ သိပါသည်။

ဆရာဝန်ပြောတဲ့ စကား ဆယ်ခွန်းလောက်မှာ ၈ ခွန်းလောက်ကို သူမ မကြား လော့ယောင်ယောင်ကျန်းမာတယ်ဆိုတာ အတည်ပြုပြီးတော့ ဆရာဝန်က "Miss လော့ ဂုဏ်ယူပါတယ် ဒီနေ့ ဆေးရုံက ဆင်းချင် ဆင်းလို့ရပါပြီ ဒါမဲ့ မနေ့က မူးလဲထားတာဆိုတော့ သေချာအောင်လို့ ဆေးရုံမှာ ရက် နည်းနည်းလောက်နေဖို့တော့ သတိပေးချင်ပါတယ်"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now