30.1

3K 331 8
                                    

သူမတောင်မသိလိုက်ဘဲ ဒီနေရာကိုထပ်လာမိပြန်ပြီ သူမက ဒီတိုင်းစိတ်အေးလက်အေးဖြစ်မယ့်နေရာတစ်နေရာကိုရှာချင်ခဲ့ယုံတင်ဒါမဲ့လည်း ဒိနေရာကို ထပ်ပြိး ပြန်လာမိတာပဲ

လော့ချန်ချန် အရောင်လွင့်နေပြီဖြစ်တဲ့ အဖြူရောင်ခြံစည်းရိုးကိုကြည့်ကာ ဒီပတ်လည်ကိုပဲ သွားနေမိသည်။ သူမ မျက်လုံးထဲမှာလည်းအတွေးတွေနဲ့ ဒီနေရာကို သူမ ပြန်မလာမိတာ တစ်နှစ်တောင်ကျော်သွားပြီပဲ

တနေ့ ရုတ်တရက် အိမ်ပြန်ချင်လာပေမယ့် သူမ သော့တွေက တံခါးဖွင့်လို့မရတော့

သူမ အဖေကို လန့်ပြီးခေါ်တော့ ပြောင်းသွားပြီလို့ ပြောခဲ့သည်။ တစ်ခုခုလိုချင်ရင် ဖန်ရှီလဲ့ကို သွားးရှာဖို့ ဘာလို့လဲဆိုတော့ သော့က သူမလက်ထဲမှာမို့ဟု ဆိုလာခဲ့သည်။

သူမ မေးခဲ့သည်။ ဘာလို့လဲ?

လော့ယွမ်ဇီက ဖြေသည်။ အဖေ မင်းအန်တီဖန်နဲ့ကွာရှင်းလိုက်ပြီ ဟု

လော့ယွမ်ဇီက မာနကြီးပြီး တွယ်ကပ်နေမယ့်သူ လက်မလွှတ်နိုင်တဲ့သူမျိုးမဟုတ် သူက မျက်နှာပျက်မခံနိုင်တဲ့လူမျိုး ဖန်ရှီလဲ့ကလည်း စကားအများကြီးပြောတတ်တဲ့သူမဟုတ်တော့သူတို့ ကွာရှင်းတာကို လူတွေအများကြီးမသိကြပေ

ကွာရှင်းတယ်? လော့ချန်ချန် ထိုချိန် တကယ်လန့်သွားမိတော့သည်။ တစ်ခါမှ သူမ အဖေက ဖန်ရှီလဲ့ကို လွယ်လွယ်လေးကွာရှင်းမယ်လို့ တစ်ခါမှမတွေးဖူးခဲ့ဘူးလေ သူမ အမေပြောပြတဲ့ ပုံပြင်ထဲမှာသူမ မိဘတွေက သိပ်ချစ်ကြပေမယ့် ရုတ်တရက် ချမ်းသာာတဲ့ ဖန်ရှီလဲ့ဆိုတဲ့အမျိုးသမီး ဝင်လာပြီး သူမ အဖေကို ချစ်သွားပြီး သူမ အဖေကို ခိုးဖို့ ယုတ်မာတဲ့နည်းလမ်းတွေသုံးခဲ့တာလို့  သူမ အဖေက သူမ အမေကို ရွေးချယ်ခဲ့ပေမယ့် သူမ အမေက ခက်ခဲအောင်မလုပ်ချင်လို့ ထွက်သွားပေးခဲ့တာ နောက်ပိုင်းမှ ကိုယ်ဝန်ရှိနေပြီဆိုတာ သိခဲ့ရတာလို့ပင်

နောက်ပိုင်း သူမ အမေ ကင်ဆာကျွမ်းနေပြီဆိုတာ သိတော့ သူမ အဖေအိမ်ကိုသွားခဲ့ရသည်။ ဒါမဲ့ သူမထင်ထားတာနဲ့ သူမ အမေပြောပြတာတွေက ကွာခြားနေခဲ့တာ ဖန်ရှီလဲ့က လည်း သူမ အဖေကို ရူးရူးမူးမူးဖြစ်နေတဲ့ပုံမပေါ်ဘူး ဒီမိန်းမကြီးက ကွဲပြားတယ်လို့တောင်ပြောလို့ရသေးတယ် ဒါမဲ့ သူမ အမေက သူမကို ဘယ်တော့မှမလိမ်ဘူးလေ ဆိုတော့ ဒါ ဒီမိန်းမကြီးအမှားပဲ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now