အခန်း ၇ ဘလိတ်ဓားနှစ်ချောင်း

4.4K 527 7
                                    

နောက်နေ့ ချင်းကျင်းရောက်လာတော့ ယောင်ယောင်က အိပ်နေဆဲပင် အန်တီလျိုက သူမကို ဆွဲထူရတဲ့ထိ ချင်းကျင်းက သူမ မိဘတွေနဲ့ မနက်စာစားနေတာကိုတွေ့လိုက်ရပြီး လော့ချန်ချန်ကို လျစ်လျုရှုထားတာကိုမြင်လိုက်ရသည်။

ယောင်ယောင်က ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။ ရုတ်တရက် သူမတွေးမိတာက တအားကိုတိတ်ဆိတ်နေတယ်လို့ သူမရင်ခုန်သံကိုတောင် ကြားနေရသလိုပင် မြင်နေသမျှကလည်း ဇာတ်ကားပြနေသလိုမျိုး သူမ မိဘ မျက်နှာကလည်း နောက်ခံလိုမျိုးဝါးလို့နေသည်။ လော့ချန်ချန် မျက်နှာကလည်း အဲ့လိုပင် ချင်းကျင်းကိုသာ သေချာမြင်နေရသည်။

အသက် ၂၅ နှစ်အရွယ် ယောကျာ်းတစ်ယောက် အခုမှ ရင့်ကျက်မှုဆိုတဲ့ ခြေလှမ်းထဲ စဝင်နေတဲ့သူ ၂၅ နှစ်မတိုင်ခင် ယောက်ျားတွေက နုံအမှုတွေ ကျန်နေသေးသလို အဲ့အရွယ်မှာ ကိုယ်လွတ်ရုန်းတတ်ကြတယ် ကိုယ့် ခံစားချက်ကလည်း အရေးကြီးဆုံးဆိုတာမျိုးပေါ့ ၃၀ ကျော် အမျိုးသားတွေကျ ဆန်းပြားလှသည်။ အခက်ခဲတွေလည်းဖြတ်ကျော်ပြီးသား မိန်းမတစ်ယောက်ကိုလည်း ဘယ်လိုတန်ဖိုးထားရမလဲဆိုတာ နားလည်ပြီးသားလူတွေ ခံစားချက်တွေလည်း တည်ငြိမ်သွားပြီ ငယ်ရွယ်နုပျိုတုန်းကလို ပုံစံမျိုးလည်းမရှိတော့ဘူး ဒီအရွယ်လေးပဲကောင်းပါတယ် မိန်းမတစ်ယောက်ကို ဘယ်လိုတန်ဖိုးထားရမလဲ သိလာတဲ့အရွယ်ပေါ့လေ ချစ်တာဖြစ်ဖြစ် အိမ်ထောင်ရေးဖြစ်ဖြစ် ပထမ​ဦးစားပေးဖြစ်နေတာမျိုးပေါ့

၂၅ နှစ်မမတိုင်ခင်က ယောကျာ်းတစ်ယောက်ရဲ့ ကြီးပြင်းတဲ့အချိန် ၂၅ ကနေ ၃၀ ထိက သတ်မှတ်ပြိးသားယောက်ျားတစ်ယောက်ရဲ့ပုံစံ အဲ့ဒါလူတွေ သတ်မှတ်တဲ့ပုံစံပဲ

ချင်းကျင်းက ဒီနေ့အပြာရောင် ရှပ်လေးတစ်ထည်ကိုဝတ်ဆင်ထားတာပင် သူ့ရှပ်လက်ကိုလက်မောင်းထိ ခေါက်တင်ထားတာ ကော်လံနားက ကြယ်သီးကလည်းနှစ်လုံးပဲဖြတ်ထားတာ ညှပ်ရိုးတြွေမင်နေရတာပေါ့ ယောင်ယောင် မျက်လုံးထဲမှာ ချင်းကျင်းလှုပ်ရှားမှုတိုင်း လက်မြှောက်လိုက်တာ ခေါင်းမော့လိုက်တာ အကုန် ဆွဲဆောင်မှုရှိနေတာ သူတို့ က တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိလွန်းလို့လားတော့မသိဘူး ချင်းကျင်း ကြိးပြင်းလာတဲ့ အခိုက်အတန့်ကို သူမ မှတ်ညဏ်ထဲ ကျော်ခံလိုက်ရသလိုမျိုး ရုတ်တရက်ကြီး သူကြီးလာသလိုမျိုး သူမ မှတ်ညဏ်ထဲမှာ ချင်းကျင်းက နောက်ဆုံး လူတွေကို အညိုအမဲစွဲအောင်ရိုက်တတ်တဲ့ "ကိုကိုလေး" ကနေ အခုကျ ကြောက်ဖို့ကောင်းတဲ့ စီးပွါးရေးသမား အဖြစ်ပြောင်းသွားပြီ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now