22.3

3.4K 388 8
                                    

ယောင်ယောင် ပုံစဆွဲလိုက်တာနဲ့  စျာန်ဝင်နေမိကာ ကုမ္ပဏီက နေ့လည်စာမှာပေးရတဲ့ထိပင်

ရုံးဆင်းခါနီးလောက်မှ သူမ ပုံကြမ်းတွေကိုလွှဲပေးလိုက်သည်။ အဲ့ချိန်တုန်းက သူမ ဆွဲထားသမျှက ပုံစံတူဖြစ်နေလို့တောင် သူမဘာကိုမှ စိတ်မကျေနပ်ခဲ့ အကြိမ်ပေါင်းများစွာ ပြန်ပြန်ဆွဲနေခဲ့တာ ဒါမဲ့ ပေးရမယ့်အချိန်နီးလာတော့ သူမမှာ သတ္တိစုပြီးပေးလိုက်ဖို့သာတတ်နိုင်တော့သည်လေ​ ခေါင်းဆောင်ဝမ်က သူမ ပုံကြမ်းတွေကိုလက်ခံပြီးတော့ ဝင်ခွင့် ဒုတိယအဆင့်က မနက်ဖြန်စမယ်လို့ပြောလိုက်သည်။

ကုမ္ပဏီက ထွက်လာတော့ ချင်းကျင်းက ယောင်ယောင်ကို လာကြိုခဲ့သည်။​​ သူမခေါင်းထဲမှာ ထို မော်ဒယ်လ် ရုပ် ၅ ခုနဲ့ပဲပြည့်နေခဲ့သည်။ သူမက အပျင်းကြီးလွန်းသလို နောက်ဆုံးအကြိမ် ကြိုးစားပမ်းစားးလုပ်ခဲ့တာဆိုလို့​ လွန်ခဲ့တဲ့နှစ်နှစ်က ကောလိပ်ဝင်ခွင့်စာမေးပွဲသာရှိသည်။

သူမစိတ်ထဲ မဆိုးဘူးဟုခံစားနေရသည် အဲ့လို ခံစားချက်မျိုး မခံစားရတာ ကြာပြီပင်

ယောင်ယောင်ထွက်သွားပြီးတော့ ခေါင်းဆောင်ဝမ်က ထိုပုံကြမ်းတွေကို ယူကာတော်တော်ကြာကြည့်နေခဲ့သည်။ ယောင်ယောင်ထပ်တလဲလဲ ပြန်ဆွဲထားတာကိုလည်း သိသလို သူမဆွဲထားတာတွေက ဘယ်မော်ဒယ်ရုပ်အတွက် ဆိုတာကိုလည်း သူမ ခွဲခြားလို့ရသည်လေ။ ယောင်ယောင်က ပုံဆွဲတဲ့ အရည်အချင်းကတော့ တကယ့်ကိုတော်ပါသည်။ ဒါမဲ့ 3D ဆွဲတဲ့ ဖောင်ဒေရှင်းက သိပ်မကောင်းသေး သူမရဲ့ပုံဆွဲတဲ့ပုံစံကဆန်းကြယ်လွန်းပြီးတော့ မော်ဒယ်လ်ရဲ့ ဆံပင်တုကိုပါ အရောင်ထည့်ထားတာ ပြီးပြည့်စုံဖို့ ဦးစားပေးတယ်လို့ပြောလို့ရတယ်

ဒါမဲ့လည်း အားလုံးခြုံငုံ့ကြည့်ရင် သူမက အရောင်တင်လို့ ရတဲ့ ကျောက်ရိုင်းကောင်းတစ်ခုပင်

ယောင်ယောင် တကယ့်ကိုပင်ပန်းနေပြီပင် ညစာစား ရေချိုးပြီးတာနဲ့ အိပ်ဖို့ ပြင်တော့တဲ့ထိ သူမလုပ်နေကျ အိမ်စာဖြစ်တဲ့ ချင်းကျင်းကို ညလယ်ကြီးမြူဆွယ်တာတောင် မလုပ်တော့ဘူး

ဒုတိယနေ့ကျ ယောင်ယောင် အလုပ်ကို စိတ်အားထက်သန်စွာ သွားတော့သည်။ သူမရဲ့လေးနက်တဲ့ပုံစံက ချင်းကျင်းကို စိတ်ထဲ တမျိုးဖြစ်စေသည်။��ထင်ထားသလိုပင် ခေါင်းဆောင်ဝမ်က သူမကို ဒိနေ့လည်း စိတ်ပျက်ရအောင်မလုပ်ခဲ့ မနေ့က သူမ ဆွဲထားတဲ့ပုံတွေကို လိုရှင်းတိုရှင်းမှတ်ချက်ပေးပြီးတော့ ဒုတိယစာမေးပွဲ ကို စတော့သည်။ မနေ့က ပုံကြမ်းတွေရဲ့ ရှေ့ခြမ်းဒီဇိုင်းကို ဦးနှောက်ထဲ မှတ်မိနေသလောက် စဉ်းစားကြည့်ပြီး ဆွဲခိုင်းတာပင် �
ဒိီတောင်းဆိုမှုကို ယောင်ယောင် သိပ်မအံဩ သူမ ရဲ့ပုံဆွဲစွမ်းရည်ကိုစမ်းသပ်ပြီးတော့ သူမ ရဲ့ဒီဇိုင်းစွမ်းရည်ကိုစမ်းသပ်မှာက ပုံမှန်ပင် တစ်ညနေပြီးတော့ မနေ့က ကိစ္စတွေကိုဘယ်လိုပဲ မှတ်မိတယ်ဆိုဦး အသေးစိတ်ကအစ မှတ်မိဖို့က မဖြစ်နိုင်ဘူးလေ ဦးနှောက်မှတ်ညဏ်နဲ့ ပုံဆွဲတယ်ဆိုတာ အပေါ်ယံဖြစ်ပြီးတော့ တကယ်တန်းက သူမရဲ့ဖန်တီးနိုင်စွမ်းကို စမ်းသပ်တာပင်

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now