25.1

3.3K 360 6
                                    

အခန်း ၂၅.၁ အချစ်မရှိရင်  သေသွားမှာလား

ဒီည ယောင်ယောင် အိပ်ရတာ အရမ်းကိုမှ အဆင်မပြေခဲ့ သူမရဲ့ အရင်ဘဝကမြင်ကွင်းတွေက သူမစိတ်ထဲ တောက်လျှောက် တိုးဝင်လာခဲ့သည်။

လင်းဖေးက လူမသိသူမသိ သေသွားတယ် အဲ့မိန်းမက တဘဝလုံး ပြသာနာရှာပြီးတော့လုပ်သမျှ အကုန်လုံးကလည်း သတ်သေမယ်ဆိုပြီး ခြိမ်းခြောက်တာကြည့်ပဲ ဇာတ်ကားရိုက်နေသလိုမျိုးလေ လူတိုင်းကို ပေးသိလိုက်တော့ သတ်သေဖို့လုပ်တာက မအောင်မြင်တော့ဘူး အဆုံးကျ နှင်းဆီပန်းတွေ ဖုံးလွှမ်းထားတဲ့ အိပ်ရာပေါ်မှာ လှဲပြီး အိပ်သွားတော့တာပဲ မျက်နှာမှာလည်း အပြုံးတစ်ခုနဲ့ ချန်ခဲ့တဲ့ စကားတွေက "ငါ့ကို မမေ့ပါနဲ့" ဆိုတဲ့စကားပင် ပြီးတော့ ဘယ်တော့မှ ပြန်နိုးမလာတောာ့

သူမ သေသွားတာကို လူတွေ အများကြီးက ဝမ်းမနည်းသလိုပါပဲ လင်းမိသားစုမှာ ကလေးတွေအများကြီးရှိတာကြောင့် သူမမရှိတော့တာနဲ့ပက်သက်ပြီး ဘာမှ မခံစားကြ အချစ်ပြိုင်ဘက်တွေကျတော့ သူမ သေသွားတာကို ကြိတ်ပျော်ကြတာပေါ့

ယောင်ယောင်ကတော့ လင်းဖေး ကံကောင်းတယ်လို့ ခံစားရသည် ဘာလို့လဲဆိုတော့ သေသွားတာတောင် သူမကိုမှတ်မိတဲ့ချန်ဟောက်ရှိသေးတယ်လေ ဒီနှစ်တွေမှာချန်ဟောက်က ကောင်မလေးလည်းတစ်ယောက်မှ မထားခဲ့သလို တစ်ခါပြောဖူးတာက သူမ မပျော်မှာ ကြောက်တယ်လို့လေ

ယောင်ယောင်က အဲ့စကားတွေကြောင့် ရင်ထဲ အရမ်းထိသွားပြီးတော့ အဲ့ကနေစပြီး ချန်ဟောက်က ရခဲတဲ့ လူကောင်းတစ်ယောက်ဆိုတာ ပိုပြီးတောင် ယုံကြည်သွားခဲ့တာ

ဝမ်းနည်းတဲ့စကားတွေနဲ့ မျက်နှာထားက မနေ့က ချစ်ခြငးမေတ္တာတွေပြည့်နှက်နေတဲ့ မျက်နှာထားတဲ့တထေရာတည်း  ယောင်ယောင်တောင် လန့်သွားရတဲ့ထိ ပြောမှပဲ သူမ ဒီလူကိုတစ်ခါလေးတောင် နားမလည်ခဲ့ဖူးပဲ

မုန်းလား? သေချာပေါက် သူမ မုန်းတာပေါ့ ဒါမဲ့ သူမ ကိုယ်သူမ ပိုမုန်းတယ် လူတွေကိုသေချာမမြင်တတ်ခဲ့လို့လေ

အိမ်မက်ထဲရောက်နေတယ်ဆိုတာ သိနေတောတောင် ဝမ်းနည်းဒေါသထွက်နေမိဆဲ ချင်းကျင်းကိုလည်း ထပ်တွေးမိပြန်သည်။ သူဘာသူဆို တစ်ယောက်တည်းနေရတာ အဆင်ပြေမှာလား သူ အပြစ်တင်စရာ တာဝန်ယူပေးရမယ့်သူမရှိရင် နဂို လူသတ်တဲ့ ကိစ္စက ပျောက်သွားမှာလား? သူက ခုထိ ငယ်သေးတာ နောက်နှစ်အနည်းငယ်လောက်ဆို သူ့ဒဏ်ရာကို ဆေးထည့်ပေးမယ့် မိန်းကလေးတစ်ယောက်ပေါ်လာမှာပါ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now