20.2

3.8K 405 7
                                    

ယောင်ယောင်က လော့ချန်ချန်ရဲ့ မျက်နှာကိုကြည့်နေကာ ဝိုင်ကို တစ်ငုံသောက်ပြီးပြုံးကာ "လော့ချန်ချန် ရက်စက်တယ်ဆိုတာ ဘာလဲ သိလား?"

"ရက်စက်တယ်?" အတိတ်က ဝမ်းနည်းးမှုတွေထဲ နစ်မြောနေရင်း ယောင်ယောင်စကားကို ရေရွတ်လိုက်မိသည်။

"လော့ချန်ချန် တကယ်တန်းရက်စက်တာက ဘာလဲဆိုတာ ငါနင့်ကိုပြမယ်"

ထိုသို့ပြောပြီး ယောင်ယောင်က ဝိုင်ခွက်ကို လော့ချန်ချန်မျက်နှာပေါ်လောင်းချလိုက်သည်။ ထို့နောက် ဝိုင်ခွက်ကိုချကာ နောက်ထပ် ဝိုင်ခွက်ကိုထပ်ယူပြီး တစ်ခွက်ပြီးတစ်ခွက် ခြောက်ခွက်တိတ်ိ လော့ချန်ချန်မျက်နှာပေါ်လောင်းချလိုက်သည်။

သူမက ဝိုင်ခွက်အလွတ်ကိုကိုင်ပြီး မေးကိုမော့ကာ လော့ချန်ချန်ကို။ ကြည့်ပြီး ဘုရင်မလို ပြုမူနေခဲ့သည်။

လူတိုင်းက ဒီမြင်ကွင်းကြောင့် လန့်သွားကြတော့သည်။ သူတို့က လော့ယောင်ယောင်အော်ဟစ်ပေါက်ကွဲပြီး လူတွေကို ရိုက်မယ်ပေါ့ ဒီလိုနည်းကို သုံးမယ်မထင်ထား

ယောင်ယောင်က နှာခေါင်းရှုံ့ကာ ပတ်လည်ကိုကြည့်လိုက်တော့ လူတွေအားလုံးက ပေါ့ပါးစွာ ပြုံးကာသူတို့ဝိုင်ခွက်တွေကိုမြှောက်ပြီးး ဘောင်ယောင်ကို ဂုဏ်ပြုလိုက်ကြသည်။ သူမက လော့ချန်ချန်ကို ပြုံးလျက်ပြန်ကြည့်ကာ "လော့ချန်ချန် နင့်ခေါင်းကိုမော့ပြီး ဒီလူတွေရဲ့မျက်နှာထားကိုကြည့်လိုက်"

ဝိုင်တွေပါးပေါ်စီးကျရင်း လော့ချန််ချန် က ဝိုင်နဲ့ရေချိုးထားသလို ပတ်လည်ကိုကြည့်လိုက်သည်။ ထိုလူတွေက ခုဖြစ်ပျက်သွားတာတွေကို ဘယ်လိုမှ စိတ်ထဲမရှိသလိုပင် လော့ယောင်ယောင်က ခုတင် ရက်စက်တဲ့ကိစ္စကို လုပ်ထားပေမယ့် ဘယ်သူမှ သူမကို ဘာမှမပြော သလို လူတစ်ယောက်ဆို လှပတဲ့ မိန်းကလေးတစ်ယောက်ကိုကဖို့တောင်ဖိတ်ခေါ်နေသေး သူမနဲ့ပက်သက်ပြီး လုံးဝကိုမေ့နေပုံပင်

ထင်မှတ်မထားဘဲ သူမကို ကူညီဖို့ ဘယ်သူမှမလာခဲ့ကြ

ဘာလို့ ဒိီလိုဖြစ်ရတာလဲ?�
လော့ချန်ချန်က ကြောင်ကြည့်နေတာ မြင်တော့ ယောင်ယောင် သူမ နားကိုကပ်ကာ "နင်ရဲ့ ဒိီလိုလှည့်စားမှုလေးက ငါ့ကို ထိခိုက်စေမယ်လို့တကယ်ထင်နေတာာလား? သူတို့က ငါ့ကိုပဲ​လှောင်နေကြမှာလို့ ထင်နေတာလား? ငါတို့နှစ်ယောက်လုံးကိုလှောင်နေတာ ဘာလဲ နင်က နင့်ရဲ့ ယုတ်ညံ့တဲ့ အတွေးတွေကို သူတို့ မသိနိုင်သလို ငါကလည်း မမြင်နိုင်လောက်ဘူးထင်နေတာလား သူတို့ငါ့ကို ကြည့်နေတာ သိရဲ့သားရဲ့ ဘာလို့ ဒီလိုလုပ်နေတာလဲ သိလား?"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now