16.2

3.9K 430 10
                                    

အခန်း ၁၆.၂

ပူတင်းစားပြီးတော့ နေရတာ သက်သောင့်သက်သာရှိတယ်လို့ ခံစားလာရသည်။ ယောင်ယောင်လည်း မပြန်ချင်သေးတာနဲ့ နောက်ထပ်နွားနို့ ထပ်မှာလိုက်သည်။

"ယောင်ယောင်"

ယောင်ယောင်က မေးထောက်ပြီး မျက်လုံး တဝက်မှိတ်ကာ။ အတွေးနက်နေတုန်းမှာပဲ ရုတ်တရက် သူမကိုခေါ်တဲ့အသံတစ်သံကိုကြားလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်တော့ သူမ မမြင်ချင်တဲ့ အမျိုးသမီးတစ်ယောက်ပင်

လော့ချန်ချန်က ရိုးရိုးရှင်းရှင်းဝတ်စားထားကာ ခပ်ဖွဖွပြုံးပြီး "ဒီရောက်နေတာကို လိုက်ရှာနေတာ တော်တ်ောကြာပြီ" အသံက တအားကိုချိုနေတာပဲ ရင်းးနှီးတဲ့လူတွေလိုလေ သူတို့ ရန်ဖြစ်တယ်ဆိုတာ တစ်ခါမှမရှိခဲ့သလိုမျိုး

"ဘာလို့ရှာတာလဲ?" ယောင်ယောင်က ခေါင်းမော့ကြည့်ကာ မျက်နှာသေနဲ့မေးလိုက်သည်။

လော့ချန်ချန်ကတော့ ပြုံးနေဆဲ "ဒီပိတ်ရက်အိမ်ပြန်မလာတာနဲ့ အန်တီက ပစ္စည်းပို့ခိုင်းလိုက်တာ"

လော့ချန်ချန် စားပွဲပေါ်တင်ပေးတဲ့ အထုတ်ကိုကြည့်ကာ ယောင်ယောင်က "ကျေးဇူး" လို့ပြောလိုက်သည်။

လော့ချန်ချန်က သူမ ကျေးဇူးတင်စကားပြောလို့လန့်သွားတော့သည်။ မျက်နှာကမျက်နှာဖုံးတောင် ကွဲအက်တော့မလိုလေ ယောင်ယောင်ကို အံဩစွာ ကြည့်နေခဲ့သည်။

ယောင်ယောင်က စားပွဲပေါ်က အထုတ်ကိုယူကာ တန်ချင်းကို ကြည့်ပြီး "သွားရအောင်"လို့ပြောလိုက်သည်။

"အိုခေ" တန်ချင်းကလည်း သူမ စာအုပ်ကိုသိမ်းကာ လော့ချန်ချန်ကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြပြီး ထရပ်ကာ ယောင်ယောင်နဲ့တူတူဆိုင်ထဲက ထွက်လာခဲ့သည်။��ယောင်ယောင်က ဒီတွေ့ဆုံမှုကို ဂရုမစိုက် သူမအတွက် လော့ချန်ချန်က အရေးမပါတဲ့သူပင် အရင်ဘဝက ရခဲ့တဲ့ သဘောထားတွေ ပြောဆိုမှုတွေ အကုန်လုံးက လော့ချန်ချန်ပေါ်ထားတဲ့ ခံစားချက်တွေနဲ့အတူ အကုန်သေဆုံးသွားပြီမလို့ပင် သူမရဲ့ အစ်မလိုလည်း မတွေးတော့ဘူး ရွံမုန်းတာထက်ပိုပြီးတော့လည်း ဘာခံစားချက်မှမရှိတော့ဘူး ဆိုတော့ ရွံမုန်းနေတဲ့လူကို စိတ်ထဲထည့်ထားစရာ ဘာအကြောင်းမှမရှိဘူးလေ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now