28

3.5K 391 28
                                    

အခန်း ၂၈

'အချိန်'ဆိုတဲ့ ဓာတ်ပုံ အယ််လ်ဘမ်ရဲ့ ပထမဆုံးစာမျက်နှာကိုဖွင့်လိုက်သည်။

ပုံထဲက ကလေးလေးက လက်မလေးကို စုပ်ထားကာ ကင်မရာကိုကြည့်လို့နေသည်။ တောက်ပတဲ့မျက်လုံးလေးတစ်စုံနဲ့ ပြုံးရယ်လို့

ဒုတိယတစ်ခုကတော့ ကလေးလေးက တစ်နှစ်အရွယ်ကလေးလေးကို ကိုင်ထားတာပင် သူ့ပါးစပ်ကလည်း ကလေးလေးမျက်နှာကိုကိုက်လို့ တတိယပုံကတော့ ကလေးလေးက သုန်မှုန်နေတဲ့မျက်နှာလေးနဲ့မျက်ရည်တွေကလည်းကျလို့ လက်သေးလေးလေးတွေနဲ့ကောင်လေးရဲ့မျက်နှာကိုလည်းရိုက်နေသေး

စာမျက်နှာကိုလှန်လိုက်ရင် နှစ်နှစ်အရွယ်ကလေးမလေးက ၇ နှစ်အရွယ်ကောင်လေးလက်ထဲမှာ ရှိနေကာ မျက်ရည်တွေကို ထိုကောင်လေးအင်္ကျီနဲ့သုတ်နေခဲ့တာပင် ကောင်လေးက ရွံလို့ ဆိုပြီး မျက်နှာကလည်း ရှုံ့တွလို့

ယောင်ယောင်ကတော့ နှာခေါင်းရှုံံကာနေောက်ကပုံတွေကို ဆက်ကြည့်နေခဲ့သည်။

တူညီတဲ့ ၇  နှစ်အရွယ်ကောင်လေးပင် လွယ်အိတ်အပြာလေးကိုလွယ်ကာ ကျောင်းသွားဖို့ပြင်နေတော့ ကလေးမလေး မြေပြင်မှာထိုင် သူ့ခြေထောက်ကိုဖက်ပြီး မလွှတ် ကောင်လေးက မျက်ရည်တွေကျလာတော့မတတ်

ထို့နောက် နှစ်ယောက်သားဆော့နေတဲ့ပုံတွေ အများကြီးပင် ဓာတ်ပုံဆရာက ကောင်းမွန်တဲ့ ရှုထောင့်ကနေ အများကြီးလှလှလေးရိုက်ပေးခဲ့တာ ပုံတိုင်းမှာ ကောင်လေးရဲ့ ခါးသီးမှုတွေပြည့်နေတဲ့မျက်နှာကိုလည်းမြင်နိုင်ပြီးတော့ ယောင်ယောင်ကတော့ ရယ်မောနေတာပေါ့

နောက်ထပ်စာမျက်နှာတွေလှန်လိုက်တော့ ဒီပုံက နည်းနည်းတောင်မှောင်လို့နေပြီပင် ကောင်မလေးက ကြီးလာပင် ပန်းရောင်ဦးထုတ်လေးကို ဝတ်ထားကာမွေးနေ့ကိတ်က ဖယောင်းတိုင်ကို မှုတ်နေတာပင် ပုံထောင့်ကကောင်လေးကလည်း ဖယောင်းတိုင်ကို လှမ်းမှုတ်နေတာ ထို့နောက် ဒုတိယပုံကျ ကောင်မလေးက ကောင်လေးကို ဒေါသတကြီးကြည့်နေခဲ့တာ   ကောင်မလေး ဖယောင်းတိုင်မမှုတ်လိုက်ရဘဲ ကောင်လေးကလုမှုတ်သွားလို့ဆိုတာ ဧည့်သည်တွေ ခန့်မှန်းစရာမလိုဘဲ သိနိုင်ပါသည်လေ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now