12.2

4K 496 28
                                    




ချင်းကျင်းက တံခါးကနေ အိတ်တစ်အိတ်နဲ့အတူ ဝင်လာခဲ့သည်။ ကျိုးယွင်ရွေ့ ဆိုဖာပေါ်မှာထိုင်နေတာမြင်တော့ သူမကို ကြည့်ပြီး အံဩသွားကာ "ဒီကိုဘာလာလုပ်တာလဲ?"

ကျိုးယွင်ရွေ့က မတ်တပ်ရပ်ကာ ချိုသာစွာ "မန်နေဂျာချင်း ကျွန်မ ရှင့်ကိုဒီဖိုင်တွေ လာပေးတာပါ"

"မနက်ဖြန်မှ ယူမယ်လို့မပြောထားဘူးလား ဘာလို့ လာပေးနေတာလဲ?"

ချင်းကျင်း က ကျိုးယွင်ရွေ့ကို စိတ်မကြည်သလို ကြည့်လို့နေသည်။ ဒိနေ့ သူက ကုမ္ပဏီကနေယောင်ယောင်ကိုတွေ့ချင်လို့ တမင်စောထွက်လာတာလေ အလုပ်တွေက မပြီးသေးဘူး ဒီမိန်းမ အတွေးကို သူသေချာသိတာပေါ့ ဒါမဲ့လည်း ဆုံးဖြတ်ချက်ချတာက ယွမ်စီနန် လက်ထဲ တဝက်လောက်ရှိနေတဲ့အပြင် သူက သူ့သည်းခံနိုင်စွမ်းကိုလည်း လာမထိသေးသလို အလုပ်မှာလည်း အမှားမလုပ်လို့ သူဘာမှမလုပ်နိုင်ဘူးဖြစ်နေတာ

အရေးကြီးဆုံးက တကယ်လို့ ယောင်ယောင်အထင်လွဲသွားရင် သူဘာလုပ်ရမလဲ

ထိုအတွေးဝင်လာပြီး သိပ်မကြာခင်ပျောက်သွားတော့သည်။ ယောင်ယောင်က အထင်လွဲရအောင် အခြေအနေမှမဟုတ်တာပဲလေ

ကျိုးယွင်ရွေ့က ဘာပြောရမှန်းမသိတော့

ယောင်ယောင်က ဒီပြဇာတ်ကို ကြည့်တာ လုံလောက်နေပြီလေ သူမက ငြိမ်းချမ်းရေသမားလေးလိုဖရဲသီးလေး စားရင်း "ဖိုင်ယူလာပေးတာပဲကို ကြောက်ဖို့ကောင်းအောင်လုပ်မနေပါနဲ့ ချင်းကျင်း ငါဗိုက်ဆာတယ်"

သူက ကျိုးယွင်ရွေ့ဘက်ကိုလှည့်ကာ "အပြင်မှာ မိုးရွာနေတုန်းပဲ ညစာတူတူစားသွားပါလား"

"ကျေးဇူးပါ" ကျိုးယွင်ရွေ့က မငြင်း

ချင်းကျင်းက မျက်မှောင်ကြုတ်ကာ ယောင်ယောင်ကိုကြည့်ပြီး ဘာမှမပြော သူက လက်ထဲက ပစ္စည်းတွေကိုချကာ အခန်းထဲမှာစောင်တစ်ထည်ရှာပြီး ယောင်ယောင်ကိုခြုံပေးလိုက်သည်။ သူမလက်ထဲက သစ်သီးပန်းကန်ကိုယူကာ "သိပ်အများကြီး မစားနဲ့ ညစာမစားချင်ဘဲနေမယ်"

ထို့နောက် အသီးပန်းကန်ကိုယူကာ မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။ သိပ်မကြာလိုက် ဟင်းသီးဟင်းရွက်လှီးသံတွေ ကြားလိုက်ရတော့သည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now