23.1

3.4K 405 5
                                    


"ငါကြားတာ ဒီဇိုင်းဌာနကို အပြင်လူတစ်ယောက်ရောက်လာပြီး ဌာနမှုးရဲ့ လက်ထောက်တန်းဖြစ်သွားတယ်ဆို"

"တကယ် အာ့ဆို သူက ငါတို့ကုမ္ပဏီရဲ့တရားဝင်​ဒီဇိုင်နာတစ်ယောက်ဖြစ်လာတော့မှာပေါ့"

ပထမဆုံးပြောလိုက်တဲ့တစ်ယောက်က မနေ့ကမှ လုပ်ထားတဲ့ခရစ်စတယ် လက်သည်းတွေကိုမြှောက်ကာ "ငါတို့မှာရွေးစရာမရှိဘူးလေ သူကနောက်ခံရှိနေတာကို"

"ဌာနမှုးဝမ်က အမြဲ မျှတလို့ နာမည်ကြီးတာကို တကယ်လို့ နောက်ခံရှိရင်တောင် သူက စိတ်ဝင်စားမှာ မဟုတ်ဘူး အရည်အချင်းရှိလို့နေလိမ့်မယ် ထားတော့ သူ့ဘာသူ နောက်ခံရှိမရှိ ငါတို့နဲ့ဘာမှမဆိုင်ဘူး ကိုယ့်တာဝန်ကို အရင်လုပ်" နောက်တစ်ယောက်က ကြားဝင်ကာ ဒီခေါင်းစဉ်ကိုတားဆီးလိုက်သည်။ ပစ္စည်းတွေ စစ်နေတဲ့ လူသစ်ကို လှမ်းပြီးတော့ "လော့ချန်ချန် ဒီပါဆယ်ကို ဒီဇိုင်းဌာနကို သွားပို့လိုက်"

လော့ချန်ချန်က သူ့အလုပ်တွေကိုချကာ လေးလေးစားးစားနဲ့ "ဟုတ်ကဲ့ပါ အဖွဲ့မှုး"လို့ပြန်ပြောလိုက်သည်။

အတင်းပြောရတာကြိုက်တဲ့အမျိုးသမီးက လော့ချန်ချန်ပါဆယ်ကိုင်ပြီးထွက်သွားတာမြင်တော့ သူမဘေးက အလုပ်ဖော်ကို ချက်ချင်းဆွဲကာ "ငါခုနကပြောတဲ့ ဒီဇိုင်းဌာနက နောက်ခံနဲ့လူသစ်ဆိုတဲ့ တစ်ယောက်နာမည်က လော့ယောင်ယောင်လို့ခေါ်တယ်ဆိုတာ ပြောပြီးပြီလား?"

"လော့ယောင်ယောင်? လော့ချန်ချန် နာမည်နဲ့ဆင်လိုက်တာ သူတို့က အဆက်သွယ်များရှိနေတာလား?"

ထို လုပ်ဖော်ကိုင်ဖက်က အမြန် ပြန်ဖြေသည်။

"သေချာပေါက်ရှိတာပေါ့"​� ထို့နောက် ထိုလုပ်ဖော်ကိုင်ဖက်ကို ဆွဲကာ လော့ချန်ချန်နဲ့ လော့ယောင်ယောင်ရဲ့ တကယ့် သွင်ပြင်အစစ်ကိုရှင်းပြပြီး အတင်းတုတ်တော့သည်။

ဒီလိုအတင်းမျိုးကို စိတ်ဝင်စားတာကြောင့် ရုံးမှာရှိတဲ့လူတွေ အားလုံး သူတို့နား ဝိုင်းလာကြတော့သည်။ ပို့ဆောင်ရေးဌာနက အလုပ်များနေရင် သူတို့မှာ မြေကြီးပေါ်ရပ်ဖို့တောင် အချိန်မရှိ အားနေရင်လည်း တနေကုန်နေလို့ ဘာလုပ်စရာမှကိုမရှိတာ အစကတည်းက သူတို့က ပျင်းရိနေတဲ့အုပ်စု အလုပ်လည်း သိပ်မရှိ ပြီးတော့ အလုပ်သင် လော့ချန်ချန်က လုပ်စရာအလုပ်အကုန် လုသွားတော့ သူတို့ ပိုတောင်အားနေသေး

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now