27.2

3.3K 394 25
                                    

သူ့ရဲ့နောက်ထပ်သမီးတစ်ယောက်ဖြစ်တဲ့ လော့ချန်ချန်ပေါ်လာတဲ့ထိပေါ့ လော့ချန်ချန်က သူ့ကို အားကိုးတကြီးကြည့်လာတိုင်း အဖေတစ်ယောက်လို ခံစားရသည်လေ အဲ့ကလေးက သူ့ကို နတ်ဘုရားလိုပဲ အဲ့ဒါကြောင့် သူ့မိန်းမက မပျော်တာတောင် သူက လော့ချန်ချန်ကို အိမ်မှာထားပေးဖို့ပြောခဲ့တာ

အဖေတစ်ယောက်ဖြစ်ရတာလည်း သနားဖို့ကောင်းတာပဲ ကိုယ့်သမီးကိုလည်း အတိုင်းအတာနဲ့ပဲပေးနိုင်တယ်လေ လစဉ်မုန့်ဖိုးတောင် လောက်ငှရုံလောက်ရှိတာ ဒါမဲ့ သူ့သမီးကနားလည်ပေးလို့တော်သေးသည်။ ဖန်ရှီလဲ့က သူ့ကိုခက်ခဲအောင်လုပ်လို့ သူမကို မပေးနိုင်တာလို့ပဲ ထင်နေတာ

သူ့သမိီး လော့ချန်ချန်ကို ပိုနားလည်လာလေ သူပိုရှက်ပြီး အပြစ်ရှိသလိုခံစားရလေပဲ တချိန်တည်းမှာပဲ သူ့မိန်းမ အသဲနှလုံးမရှိလို့လည်း သူစိတ်ပျက်မိတယ် လော့ချန်ချန်လည်း သူ့သမီးပဲလေ ဒါမဲ့ သူ့မိန်းမက သူ့သမီးသေသေရှင်ရှင် ဂရုမစိုက်ဘူး ပိုက်ဆံတပြားမှလည်းမပေးဘူး ဒါက ကျိုးကြောင်းမဆီလျော်ဘူးလေ ဒါမဲ့ ဒီလိုမျိုးတွေကလည်း သူ့ရင်ထဲက စကားသက်သက်ပဲ ထုတ်မပြောရဲ

အခုကျ ဒီအိမ်က ပိုပိုပြီးတော့ နေလို့မကောင်းတော့ဘူး သူ့မိန်းမ သူ့သမီး သူ့သမီးကောင်လေး အစေခံတွေကအစ ဘယ်သူ့မှ သူ့ကို အာရုံမစိုက်ကြတော့တာ သူဒီအိမ်မှာ ဘာလုပ်ဖို့ ရှိနေရမှာလဲ

သူ့သမီးကိုတွေးလိုက်တိုင်း လော့ယောင်ယာင်က သူ့ကို ကွဲပြားတဲ့မျက်လုံးတွေနဲ့ ကြည့်နေတတ်သလို သူမမျက်လုံးထဲက မျှော်လင့်ချက်တွေအစား ဒေါသတွေကိုပဲ​မြင်ရတေော့သည်။ လော့ယွမ်ဇီ ရင်ထဲ ဆို့နင့်လာမိတဲ့ထိ အသက်ရှုမရတော့တဲ့ထိပင်

ဒီလောက်ထိ တစ်ခါမှ သူ မပင်ပန်းခဲ့ဖူးဘူး သူလွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း ဘာများရခဲ့ဖူးလို့လဲ သားတစ်ယောက်တောင်မရှိဘူး လော့မိသားစုက သူ့လက်ထဲမှာ မျိုးဆက်ပြတ်တော့မှာ

လော့ယွမ်ဇီ သူ့စိတ်ထဲ ထပ်တလဲလဲမေးနေခဲ့သည်။

တဖက်မှာတော့ ဖန်ရှီလဲ့က ချင်းကျင်းနဲ့စကားပြောပြီးတော့ ယောင်ယောင်နဲ့ချင်းကျင်းကို မောင်းထုတ်လိုက်ပြိး စာကြည့်ခန်းထဲမှာတစ်ယောက်တည်း တွေးနေခဲ့သည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now