အခန်း ၁၀ (အပိုင်း ၂)

4K 508 9
                                    


ယောင်ယောင် နောက်ကွယ်က လူက ပြသာနာတချို့ကိုဖြေရှင်းပေးတယ်ဆိုပေမယ့် တချို့ ကိစ္စတွေမှာတော့ ယောင်ယောင်ကိုဒေါသထွက်စေသည်။ အတန်းထဲမှာလည်း သူမမသိတဲ့အကြောင်းအရာတွေကိုပြောတာတို့ သူမ နားမလည်နိုင်တာတွေကိုမကြာခန ရရှိတာမျိုးပေါ့ မျက်နှာရဖို့ ဖိတ်စာတွေလည်းပေးသေးသည်။

ဇာတ်ညွှန်းထဲမှာ မရှိတာကြီး ယောင်ယောင်တကယ်ကို ဘာပြောရမှန်းမသိတာ သူမက ဆွဲဆောင်မှုရှိမှန်း သူမကိုယ်တိုင်တောင် မသိဘူးလေ အရင်ဘဝက သူမကိုလိုက်တဲ့သူဆိုအဝေးကြီး တကယ်တန်း လူတွေက သူမကိုမတွေ့နိုင်လို့ပါ လူတွေက သူမကို ရည်းစားစာပေးချင်တယ် ဒိတ်ချင်တယ်ဆိုရင်တောင် အခန်းဖော် နှစ်ယောက်နဲ့ အဲ့စာတွေက သူမဆီရောက်နိုင်မယ်ထင်လို့လား ပြီးတော့  အရင်ဘဝက ယောင်ယောင်လူတွေအပေါ် အမြင်တူလို့ သူမ တချို့ကိစ္စတွေသဘောမပေါက်ခဲ့တာ

အခုကျ သူမပုံစံက အေးစက်ပြီး စိန်ခေါ်မှုတစ်ခုလိုပဲ လူတွေ သူမကိုလိုက်တာက သဘာဝကျတဲ့ကိစ္စတစ်ခုပဲလေ

ဒါမဲ့ယောင်ယောင်ကတော့ ဒါကိုသဘောမကျ ချင်းကျင်းကလွဲပြီး လက်ရှိဘယ်သူ့ကိုမှ စိတ်မဝင်စားဘူးလေ ဆိုတော့ ရည်းစားရှိတယ်လို့သူမပြောလိုက်ရင် သူမကို လိုက်ချင်တဲ့သူတွေလည်း အလိုလိုလက်လျှော့လိုက်တာပဲ

ဒီနေ့တော့ သူမနောက်ကို ပါးစပ်ထဲ ပန်းတွေပြည့်နေတဲ့သူတစ်ယောက်က အတန်းထဲထိ လိုက်လာခဲ့သည်။

ပန်းတွေပြည့်နေတယ် ဆိုတာ အပြောချိုတာကိုပြောတာပါ

မနက်ဖြန်အတန်းချိန်ပြည့်ဖို့လိုတာကြောင့်သာမဟုတ်ရင် သူမ ဒီအတန်းကိုကျော်လိုက်မှာပင် ဒါမဲ့ မနက်ဖန်က သောကြာဖြစ်ပြီး သူမ ထပ်ပြီးနှိပ်စက်မခံချင်ဘူးလေ

သူမရှေ့မှာထိုင်နေတဲ့ယောကျာ်းလေး ကျောင်းသားကို ရွံရှာစွာ ကြည့်ကာ ယောင်ယောင်အတန်းတောင် နားထောင်ချင်စိတ်မရှိတော့ ဖုန်းကိုယူကာ ချင်းကျင်းကို စာတစ်စောင်ပို့လိုက်သည်။

"ဘာလုပ်နေလဲ?"

တဖက်က ပြန်ပို့လာဖို့ ခနလောက်စောင့်လိုက်ပြီးမှ စာနှစ်လုံးတည်းပြန်လာသည်။ "အစည်းအဝေး"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now