29.1

3.2K 357 11
                                    

အခန်း ၂၉

ရှောင်ပေါင်က သူ့အမေရဲ့ ဆူညံသံတွေကြောင့် နိုးလာခဲ့သည်။ မနက်အစောကြီးလော့ယောင်ယောင်က ပျာလို့

"အိုးမိုင်ဂေါ့ ငါနောက်ကျနေပြီ ငါနောက်ကျနေပြီ" ယောင်ယောင်က အဝတ်ဗီရီုရှေ့မှာ ထိုင်ကာ အဝတ်တွေကို ကြမ်းပြင်ပေါ်လွှင့်ပစ်ပြိးအဝတ်စားရှာနေခဲ့သည်။ သူမ ယောကျာ်းကိုလည်း "ချင်းကျင်း ကို ဘာလို့ ချစ်ကို စောစောမနှိုးရတာလဲ?"

"နှိုးတယ်လေ မင်းမှမထချင်တာ" ချင်းကျင်းက သူမရဲ့အလှုပ်ရှုပ်နေတဲ့ပုံစံကို လက်ပိုက်ကာ ကြည့်နေခဲ့သည်။

မျက်လုံးထောင့်ကနေ ပုခက်ထဲ အိပ်နေတဲ့ သူ့သားလေးက နိုးလာတာမြင်တော့ ပုခက်ရှေ့ကို သွားကာ သူ့မေးသေးသေးလေးကို ကိုင်ပြီး "ရှောင်ပေါင် မားမား ဆူနေလို့ နိုးသွားတာလား?"

ချင်းရှောင်ပေါင် နာမည်ပြောင်ရှောင်ပေါင် နာမည်ရင်း ချင်းရီ

သူ့အဖေက သူ့ကိုခေါ်တာကြားတော့ ရှောင်ပေါင်က မျက်လုံးလေးပွတ်ကာ မျက်လုံးဝိုင်းကြီးနဲ့ စိတ်ရှုပ်စွာ ကြည့်လာခဲ့သည်။ ထို့နောက် သူ့အဖေလက်ကို ဆွဲကာ သူ့ပါးလေးပေါ်တင်ပြီး မျက်လုံးပြန်မှိတ်လိုက်သည်။

ချင်းကျင်း အသဲနှလုံးတွေ အရည်ပျော်သွားတော့သည်။

ယောင်ယောင်က အဝတ်ရွေးပြီးတော့ အမြန်လဲကာ ပုခက်ပေါ်ကို ပေါင်ပေါင်ဝတ်ဖို့ အဝတ်တွေကိုထားလိုက်ပြီးချင်းကျင်းကို "ခနနေကျ ပေါင်ပေါင်ကို အဝတ်လဲပေးပြီး မားမားစီ ပို့လိုက် ချစ်အရင်ကျောင်းသွားနှင့်တော့မယ်"

"ကို လိုက်ပို့ပေးမယ်" ချင်းကျင်းက လက်မောင်းကိုခေါင်းအုံးအိပ်နေတဲ့ ရှောင်ပေါင်ကိုဖယ်ကာ ထလိုက်သည်။

"မလိုပါဘူးချစ်ဘာသာ တက်စီငှါးသွားလိုက်မယ် နေ့လည်မှ လာကြိုပေး" သူမက အိတ်ကယူကာ ချင်းကျင်းပြင်ပေးထားတဲ့ မနက်စာကိုယူပြီး ပုခက်စီပြေးလာ ရှောင်ပေါင်ကို အာဘွားပေးကာ ကျောင်းကို ဖင်မီးစွဲသလို ပြေးတော့သည်။

ရှောင်ပေါင်က အနမ်းခံလိုက်ရတော့ သူ့မျက်နှာလေးကို ပီတိ ဖြာစွာ ထိလိုက်သည်။ ဒါမဲ့ သူ့မားမားကတကယ်ထွက်သွားပြီဆိုတာမြင်တော့ ချက်ချင်း ထရပ်ကာ ခြေထောက်သေးသေးလေးတွေနဲ့ ပုခက်ပေါ်ကဆင်း နောက်ကလိုက်ပြီး မပီကလာ ပီကလာနဲ့ "မား...မား...."

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now