31.2

3.7K 352 1
                                    

အခန်း ၃၁.၂

ချင်းကျင်းကယောင်ယောင်နဲ့ အရင်းနှီးဆုံးသူလေ ဆိုတော့ သူမရဲ့ပြောင်းလဲမှုကို သူက အမြန်သတိထားနိုင်ခဲ့တယ် နောက်နေ့သူမကိုမြငတော့ သူမက အရမ်းကိုအံဩတဲ့မျက်နှာထားနဲ့ သူ့ကိုမမြင်တာ တော်တော်ကြာနေခဲ့သလိုမျိုး

ယောင်ယောင်ကဒိတ်လုပ်ဖို့ စက်ဘီးစီးကြဖို့ တောင်းဆိုခဲ့တယ် ပြီးတော့ သူမက လေးလေးနက်နက်နဲ့ သူတို့ တကယ့်ကိုဒိတ်ကြတော့မလို လုပ်နေခဲ့တာ

သူကားကို ဂိုဒေါင်ထဲသွင်းပြီး သူထွက်လာတော့ ယောင်ယောင်က လင်းဖေးနဲ့ချန်ဟောက်ရှေ့မာ ရပ်နေပြီးတော့ သူမ မျက်လုံးထဲမှာလည်း အေးစက်မှုတွေအပြည့်နဲ့ ရန်သူကိုကြည့်နေသလိုမျိုးလေ

လက်သီးကျစ်ကျစ်ဆုတ်ထားချက်က လက်သည်းတွေအသားထဲ ဖောက်ဝင်တော့မတတ် ကြည့်ပြိး သူ့စိတ်ထဲနေလို့မကောင်းတော့တာနဲ့ သူမရဲ့လက်သီးကျစ်ကျစ်ဆုတ်ထားတဲ့လက်လေးကိုကိုင်လိုက်တော့ သူမလက်တွေက အေးစက်နေလိုက်တာ ဒါမဲ့ သူ့နှလုံးသားလောက်တော့မအေးဘူးပေါ့

အဲ့နေရာကနေ သူမကိုခေါ်ထုတ်လာခဲ့သလို သူမလက်ကိုဆက်ဆုတ်ကိုင်ထားနိုင်ဖို့ သူတို့ကို ဘယ်တော့မှ မနှောင့်ယှက်နိုင်မယ့်နေရာတစ်နေရာကိုခေါ်သွားချင်တဲ့ထိ

သူမက စက်ဘီးနောက်မှာထိုင်ကာ ကလေးတစ်ယောက်လိုပဲ ပါးကို သူ့နောက်ကျောမှာကပ်ပြီးလက်တွေကလည်း သူ့ခါးကိုတင်းတင်းဖက်ထားခဲ့တာ

အချိန်တော်ကြာအောင် သူမက ရိုင်းစိုင်းတဲ့ကလေးတစ်ယောက်လိုမျိုး  သူ့မျက်မှန်တပ်ထားတာကို မြင်ရတာသူမပျော်ရွှင်မှုကိုတွေ့လိုက်သလိုမျိုး သူ့ကိုဒေါသထွက်အောင် စိတ်ဆိုးအောင်လုပ်ရတာ မြ်ငချင်သလိုမျိုး သူက သိနေတာကြောင့် သူမအောင်မြင်အောင် မလုပ်ခဲ့ဘူး သူပိုပြီး ဒေါသတွေတောင်နည်းလာသေးတာ တကယ်တန်း သူမ တွေးနေတဲ့ သူဒေါသထွက်တယ်ဆိုတဲ့ ပုံစံကလည်း သူမပျော်အောင်လို့သာ သရုပ််ဆောင်ပြခဲ့တာပဲ

အတိတ်ကို ပြန်သတိရတတ်တဲ့သူမျိုးထဲ သူမလည်းပါသည်။

လော့ယောင်ယောင်မင်းသိလား မင်းငိုပြီး "ငါဘာလုပ်ရမလဲ ငါဆက်မလျှောက်နိုင်တော့ဘူး"လို့ပြောတဲ့ချိန် ငါဘယ်လောက်ဝမ်းနည်းလဲမင်းသိလား

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now