14.2

4K 491 6
                                    

အခန်း ၁၄.၂

ချင်းကျင်း ကားပေါ်တက်ဖို့ လုပ်ပေမယ့် ယောင်ယောင်က သူ့ကိုလွှတ်မပေး အရက်ရှိန်ကြောင့် ယောင်ယောင် သူပြောသမျှကို ကြားနေပေမယ့် ဘာမှနားမထောင်

ချင်းကျင်းက 'sober' ကြောင့် ဆိုတာ နားလည်ပါသည်။ အဲ့ဒါက ဘားရဲ အထူးသောက်စရာတမျိုး အရသာက ပေါ့ပြီး အရက်အရသာမရပေမယ့် ကန်ချက်ကတော့ ပြင်းသည်။ သောက်ပြီးတာနဲ့ အိမ်မက်တစ်ခုထဲ ဝင်ရောက်သွားသလိုပင် မြင်နိုင် ကြားနိုင် တွေးနိုင်သည်။ ဘာလုပ်နေလဲဆိုတာကိုလည်း သိပေမယ့် လုပ်ချင်တာကိုပဲ​လုပ်မှာ ကိုယ့်ကိုကိုယ်လည်း မထိန်းချုပ်နိုင်သလို တခြားးသူဘာပြောပြောလည်း အသုံးမဝင်

ယောင်ယောင်က သဘောတူနေပေမယ့် ချင်းကျင်းကိုလည်း လွှတ်မပေး

ဝန်ထမ်းက ဒါကိုမြင်တော့ ကားအငှါးမောင်းသူ ခေါ်ပေးရမလားလို့ လာမေးသည်။

ချင်းကျင်းက သဘောတူမလို့ရှိသေး ယောင်ယောင်က ရုတ်တရက် "ချင်းကျင်း ငါ့ကိုချီ"

ကိုယ့်ဘာသာကို အခြေအနေသိလို့နေမည် မျက်နှာကလည်း သုန်မှုန်နေကာ တော်တော်ကြာစောင့်ပြီး ချင်းကျင်း ပြန်ဖြေတာ မကြားတော့ ယောင်ယောင်က ပတ်ပတ်လည်ကိုကြည့်ကာ "ချင်းကျင်း"

သက်ပြင်းချကာ ချင်းကျင်းလည်း ကားသော့ကို ဝန်ထမ်းကိုပေးကာ မနက်ဖြန်မှ ကားပြန်လာယူမယ်လို့ပြောလိုက်သည်။ ငုံ့ကာ ယောင်ယောင်ကို ကျောပိုးလိုက်တောယော်ငယောင်က လက်နဲ့ခြေထောက်တွေကို သူ့ကိုတွယ်ကာ လက်တွေကလည်ပင်းကို အတင်းဖက်တွယ်ထားတော့သည်။

ချင်းကျင်း အသက်ရှုရခက်လာသလိုပင် တော်တ်ောကြာ ကြိုးစားပြီးမှ ယောင်ယောင်က လက်ကိုနည်းနည်းလွှတ်ပေးလာတော့သည်။

၁၂ နာရီကျော်သွားပြီဖြစ်တာကြောင့် လမ်းက တိတ်ဆိတ်လို့ အိမ်ပြန်တဲ့တလျှောက် ချင်းကျင်းက ယောင်ယောင်ကိုသယ်ရင်း ဖြည်းဖြည်းချင်းလျှောက်လို့နေသည်။

သူမက မျက်နှာကို သူ့လည်ပင်းပေါ်တင်ကာ တစ်ခါတလေ မျက်နှာက သူ့အသားနဲ့လာထိသည်။ ချင်းကျင်း ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တဲ့သူလို့ထင်ထားပေမယ့် ဒီတစ်ကြိမ်တော့ ရှောင်လွှဲဖို့ ခက်ခဲလှသည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now