19.2

3.7K 423 6
                                    

အခန်း ၁၉.၂ ပါးသုံးချက်

ယောင်ယောင်က သူ့ကို ရိုက်ပြီးတာနဲ့ ထွက်လာခဲ့လိုက်သည်။ သူမနောက်ကျောကို ကြည့်ပြီးချန်ဟောက် မျက်နှာက ဖြူဖျော့လာတော့သည်။ သူ့ကို ကြည့်တဲ့ပုံစံက သူစိမ်းတစ်ယောက်ကိုကြည့်သလိုပင် အရင်က သူ့ကို ချစ်ခင်မှုတွေဆိုတာ တစ်ခါမှ မရှိခဲ့ဖူးသလိုမျိုး သူမကို ပထမဆုံး  သူတွေ့တဲ့အချိန်က သူမက ချင်းကျင်းကို မှီပြီး အလိုလိုက်ခံထားရတဲ့ကလေးမလေးလို ချင်းကျင်းနား ကပ်ဖို့လုပ်နေတဲ့ မိန်းကလေးတွေအကုန်လုံးကို မောင်းထုတ်နေခဲ့တာ သူမရဲ့ မောက်မာမှုတွေ အဖတ်မလုပ်တတ်တာတွေက ဘုရင်မလေးလိုပဲ သူက "အဲ့ကောင်မလေးက ဘယ်သူလဲ" ကို တစ်ယောက်ကို မေးခဲ့ဖူးသည်။

"လော့ယောင်ယောင်ကို ပြောနေတာလား? သူက ချင်းကျင်း မိသားစုရဲ့ မင်းသမီးလေးလေ မင်း သူနဲ့ပက်သက်ပြီး ဘာမှမစဉ်းစားတာကောင်းမယ် သွာမကျိုးအောင် သတိထား"

အဲ့တုန်းက ယောင်ယောင်က ငရုတ်သီးလေးလိုပဲ သူမနား ကပ်ဖို့ ကြိုးစားတဲ့လူတိုင်းချောင်းဆိုးပြီး သေမလိုဖြစ်တဲ့ထိ အဆိပ်ပြင်းတဲ့ငရုတ်သိီးလေး သူမနားကို ကပ်ဖို့ ကြိုးစားတဲ့သူတွေရှိပေမယ့် သူတို့မှာ သူမ နားကပ်ဖို့ တောင် အခွင့်အရေးမရကြ ချင်းကျင်း အုပ်စုက ကောင်းကောင်းကာကွယ်ပေးထားကြတာလေ ပြီးတော့ တခြားယောက်ျားးကို ကြည့်ဖို့တောင်စိတ်ကူးမရှိတဲ့သူ့လိုမိန်းကလေးမျိုးရဲ့စိတ်ကို ဘယ်လိုရအောင်ယူနိုင်မှာတဲ့လဲ

နောက်ဆုံးတော့ သူမကိုတားဖို့ ကြိုးစားနေတဲ့သူငယ်ချင်းတွေ လက်ထဲကနေ လင်းဖေး လွတ်လာခဲ့သည်။ သူမ သူငယ််ချင်းတွေက သူမ အမြင်ကို ကွယ်ထားတာကြောင့် သူမ ချန်ဟောက်ပါးရိုက်ခံရတာကို မမြင်လိုက် သူမ ထွက်လာတော့ စိတ်ပျက်မှုတွေ အပြည့်နဲ့ "ချန်ဟောက် နင် လော့ယောင်ယောင်နဲ့ တူတူရှိနေတာ ဘာသဘောလဲ နင်တို့ က သာမန်သူငယ်ချင်းတွေပါလို့တော့ လာမပြောနဲ့နော် ချန်ဟောက် နင်င့ါ့ကို ဒီကိုဘာလုပ်ဖို့ ခေါ်လာတာလဲ?"

ချန်ဟောက်က လော့ယောင်ယောင် နောက်ကျောကို ငေးနေကာလင်းဖေး စကားတွေကို မကြားသလိုပင် ဒါကိုမြင်တော့ လင်းဖေးလည်း ဒေါသထွက်လာပြ်ီး ချန်ဟောက်ကို ဆွဲဖို့ ကြိုးစားလိုက်ပေမယ့် ချန်ဟောက် စီက အေးစက်စွာ ခါချခံလိုက်ရလိမ့်မယ်လို့မထင်ထားခဲ့တာကြောင့် လင်းဖေး ပိုဒေါသထွက်သွားတာ လက်မြှောက်ပြီး ချန်ဟောက်ကို ပါးရိုက်လိုက်တော့သည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now