အခန်း ၅ လေးလံသော ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး ရှည်လျားသောလမ်း

4.6K 583 3
                                    


နောက်နေ့ လော့ယောင်ယောင် စောစောနိုးလာခဲ့သည်။ မနေ့ညက စိတ်လှုပ်ရှားပြီး အိပ်မရတာနဲ့ အယ်လ်ဘမ်တစ်ခုထုတ်ကြည့်ပြီး ကြည့်နေရင်းနဲ့ သူမတောင်မသိဘဲ အိပ်ပျော်သွားတာပင်

အိပ်တာ မကြာပေမယ့် သူမ ပင်ပန်းတာမျိုး မဖြစ်သလို တက်ကြွနေခဲ့သည်။

မျက်နှာသစ်သွားတိုက်ပြီးတော့ လော့ယောင်ယောင်က သူမ ရဲ့ တက္ကသိုလ် အချိန်ဇယားကို မှန်တင်ခုံမှာထိုင်ကာ ကြည့်နေခဲ့သည်။

တက္ကသိုလ်ရဲ့ ဒုတိယနှစ်ကျောင်းသူအနေနဲံ အတန်းတော့ တက်ရဦးမည် မဟုတ်လား ဒါမဲ့လည်း သူမက ပရော်ဖက်ရှင်နယ် အတန်းတွေကိုသာ ကျောင်းချိန်မှန်အောင်တက်ဖို့လိုတာပင်

သာမန်အတန်းတေါကို သွားတက်စရာမလို အတန်းချိန်တွေကို တော်တ်ောကြာကြည့်နေကာ ခေါင်းရင်းက ဒိတ်နဲ့ ယှဉ်ကြည့်လိုက်သည်။ ဒီနေ့က ဇွန်လ ၂၀ ရက်နေ တနင်္ဂနွေနေ့ အတန်းလည်းမရှိဘူး မနက်ဖြန် အတန်းရှိလည်း အရေးတော့မကြီး သူမ မတက်ဘဲနေလို့၇သည်။ ဒါမဲ့ အင်္ဂါနေ့ကျရင်တော့ ဌာနမှုးသင်မယ့် အရေးကြီး အတန်းချိန်တစ်ခုတော့ရှိသည်။

အိမ်မှာ ဒီနှစ်ရက်လုံးနေဖို့ ဆုံးဖြတ်ပြီးတဲ့နောက်တော့ သူမ စိတ်ထဲ ဘာလုပ်ရင် ကောင်းမလဲ ဆိုတာလည်းတွေးနေမိသည်။

ချင်းကျင်းကိုတွေ့ရမယ်

ဒါက မနေ့က ညနေကတည်းကသူမ တွေးနေတာ ချင်းကျင်းကို အ့ဩအောင်လုပ်ဖို့ သူမ ချင်းကျင်းကို စာပို့ချင်တာတောင် သည်းခံထားတာ

ချင်းကျင်း ဘယ်ချိန်ရောက်မလဲ သူမမသိ ဒါမဲ့ ခန့်မှန်းလို့ရသည်လေ အဖေက လော့ချန်ချန်နဲ့ လှေကားမှာ ရန်ဖြစ်လို့သူမကို ဆူထားတာနဲ့ အကြီးအကျယ်ရန်ဖြစ်ကြတာ နောက်ပိုင်းကျ ချင်းကျင်းပြန်လာတဲ့ချိန်ထိ နှစ်ရက်လုံး အိမ်ထဲ​ပုန်းနေခဲ့တာ သူပြန်ရောက်တော့ သူ့ကိုဆွဲပြီး တိုင်နေသေးတာ အဲ့ချိန်တုန်းက ကောင်းကင်ကမှောင်သေးသလို အန်တီလျိုက သူတို့က ညစာစားဖို့လာခေါ်တာလေ

ဆိုတော့ ချင်းကျင်းက ညနေ ၅ နာရီ သို့ ၆ နာရီလောက်မှာသူမ အိမ်ကိုရောက်မှာ တောင်ပိုင်းလေဆိပ်ကနေ သူမ အိမ်ကိုရောက်ဖို့တစ်နာရီလောက်ကြာတော့ ချင်းကျင်းလေယာဉ်က ညနေ ၄ နာရီမှဆိုက်မှာပဲ အများဆုံးကွာလည်း ၁ နာရီပေါ့

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now