Part 15(Uni+Zawgyi)

5.8K 261 4
                                    

Uni

" ​📩မောင် တိုင်ပင်စရာရှိလို့ ခဏ လာခဲ့အုန်း "

​"📩မောင် golf ရိုက်ပြီးအပြန်ဝင်ခဲ့မယ် "

ရွှေဘုန်း holiday တိုင်း ကျန်းမာ​ရေးအတွက်​ကော လုပ်​ဖော်ကိုင်ဖက်​တွေနဲ့ စကား​ပြောလို့ရ​အောင် golf ကွင်းသွားတတ်သည်။ ​ခေတ်ကို ​ခေါ်သွားချင်​​ပေမယ့်သူက ဝါသနာမပါ။ သူ့က gym ပဲပုံမှန်​​ဆော့သည်။ holiday တိုင်းရေကူးကန် သွားသည်။ အခု ​ရွှေဘုန်းက အပြင်​ရေကန်သွားဖို့ပိတ်ထား၏။ ​ခေတ်ရဲ့ အ​ပေါ်ပိုင်း အလှကို အူတိုတာ​ကြောင့်ပါ ။ ​ရွှေဘုန်းအိမ်က ​ရေကူးကန်မှာပဲ ​ရေလိုက်ကူးရသည်။ holiday တိုင်း ​ရွှေဘုန်း ​က ခေတ် ကို လာ​​ခေါ်ကာ အိမ်​ရေကူးကန်မှာ သူ့မျက်​စေ့​ရှေ့စိတ်ကြိုက်ကူးခိုင်းသည်။ ​​ရွှေဘုန်းရဲ့အူတိုမှု့က တော့လက်ဖျားခါလောက်၏။

​ရွှေဘုန်းနဲ့အတူ ခန့်မင်းနဲ့အဏ္ဏဝါ ပါ golf ကွင်း ပါလာကြသည်။

​"ဟောင့်တန်ခိုး ငါတို့ ဒါပြီးရင် bar သွားရ​အောင် ၊ မသွားတာကြာပြီ"

"မရဘူးကွ ​ခေတ်​လေး က ​မျှော်​နေ​လိမ့်မယ် message ပို့ထားတယ် "

"ပိုကို ပိုတယ်ကွာ "

ခန့်မင်းကပါဝင်​ပြောလာသည်။

"ဟုတ်တယ်တန်ခိုး မင်း ဟာကလည်း ယူမှာဖြစ်လည်း အပိုင်သိမ်း​တော့"

"အခု​တော့ကွာ "

"ခန့်မင်းရ ငါကယူချင်လို့ တပိုင်း​သေ​နေပြီ ငါ့​ကောင်​ရေ"

​"ခေတ်​လေး ကို ဇွတ်မ​ပြောချင်လို့
သူ့ မိဘ​တွေကို အသိ​ပေးဖို့ ဝန်​လေး​နေတာ"

"ဪ အဲ့လိုကြီးလား "

"မင်း မာမီ သွား​ပြောခိုင်း လိုက်​လေ "

"ငါ့မာမီက သွားချင်​​နေတာ မနည်းတားထားရတယ် ငါ့​ကောင်​ရေ "

"........."

"ခေတ်မိသားစု ကိစ္စဆို​တော့ သူပဲ​ဖြေရှင်းလိမ့်မယ် "

​"အေး ​တော်ကြာ မင်း အဖိုးကြီးဖြစ်သွားမစိုးလို့ ကွ "

"တိတ်စမ်း ဖြစ်စရာလား"

​ရွှေဘုန်းလည်း စဥ်းစားထားတာရှိတယ် ​လာမယ့် သူ့​မွေး​နေ့မှာ ​ခေတ်ကို လက်ထပ်ခွင့်​တောင်းဖို့ ။ ​ဒါမှ ​ခေတ်လည်း သူ့မိဘ​တွေကို ​ပြောဖို့ အားတက်သွားမှာ​လေ ။ လက်ထပ်ဖို့ကိစ္စစဥ်းစားလိုက်ရင် စိတ်​မောတယ် ​ခေတ်​လေး​ရေ။
​မောင်က ဇွတ်လုပ်ရင်လည်း ​ခေတ်​လေး စိတ်ပင်ပန်းမှာ စိုးရိမ်ရ​သေးတယ်။ အချစ်စစ်မှန်ရင် တ​နေ့ အရာရာကို​ကျော်ဖြတ်နိုင်မှာ ပါလို့ အားတင်းထားရတာ​ပေါ့ ​မောင့်​ခေတ်​လေး ။

Forever Together  (Completed)Where stories live. Discover now