13

507 64 0
                                    

"ဟိတ်~ ဟိတ်~ လာကြပြီ"

အိမ်တော် သုံးခုအတူရှိနေစဉ် သင်္ခအိမ်တော်မှ ခွန်မန်က စိန့်ကိုခေါ်ပြီး သူ့အတွက် ပေးထားသော နေရာမှာ ဝင်ယူသည်

ခွန်မန်ဝင်လာသည်နှင့် YamaToသခင်တော်များ၏ မျက်နှာအနေအထားဟာ ချက်ချင်းပြောင်းသွားသည်

သခင်တော် လူကြီးမင်း Sama(ဆမ) က စာရွက် အလိပ်များထည့်ထားသော မြေပုံသေတ္တာရှည်ကြီး တစ်ခုကို သယ်လာပြီး စားပွဲပေါ်တင်လျက် ဖွင့်၏

အထဲမှ မြေပုံကားချပ်အလိပ်ကြီးကို ဖွင့်သည်

ထို့နောက် တံခါးများပိတ်သွားပြီး အစည်းဝေးခန်းမကြီးဟာ မှောင်မိုက်သွား၏

ကားချပ်အထက်မှ အလင်းတန်းများ ဖြာတတ်လာပြီး Defulo၏ လောက စက်ဝန်းမြေပုံပေါ်လာသည်

Sabitaက ထိုမြေပုံအား အုပ်ထိန်းသူအနေနဲ့အိမ်တော်အသီးသီး၏ ပိုင်နက်များကို ဖယ်ရှားပြီး YamaTo၏ ပိုင်နက်ကျွန်းစုများကို ပြ၏

"စိန့် သခင်လေးကို ကျွန်းတစ်ခု အလျော်ပေးမယ်... အပိုင်တော့ မဟုတ်ဘူး... သခင်လေးကို ကြင်ယာကြီးက ဒေါသပြေလို့ ကျိန်စာပြန်ဖြေပေးပြီး သွေးသန္ဓေယူနိုင်တဲ့အထိ နေထိုင်လို့ရပါမယ်... အစေခံ ၇၀၀ နဲ့အတူ နေထိုင်လို့ရမယ့် အိမ်တော်ခွဲတစ်ခုကိုပါ အပိုင် တည်ဆောက်ပေးပါ့မယ်"

"ကျွန်တော်မျိုး လိုချင်တာ ကျိန်စာဖြေပြီး တောင်းပန်ပေးဖို့ပါ သခင်ကြီး"

ထိုအခါ Sabita သခင်ကြီး စိန့်ကို ပြန်ပြောသည်

"နန်းတတ် ဘုရင်ကိုမွေးဖွားထားတဲ့ တော်ဝင်ကြင်ယာတော်ကြီးက သာမန်အိမ်တော်သားကို တောင်းပန်တာမျိုး ဘယ်မှာရှိလို့လဲ... မဖြစ်နိုင်တာကို မျှော်လင့်နေတာပဲ... Aitaက ကျွန်တော်မျိုးကိုတောင် တစ်ခါမှ တောင်းပန်ခဲ့တဲ့ သူမဟုတ်ဘူး"

"လူကြီးမင်းတို့ ဖိအားပေးရင် ရမှာပေါ့... ဒါတောင် မလုပ်နိုင်ဘူးလား"

"မလုပ်နိုင်ဘူး"

သခင်ကြီး၏ အဖြေကြောင့် Simက ပြုံးစိစိလုပ်နေသည်

ဖြေတဲ့သူကလည်း ခပ်ပြတ်ပြတ်သာ ဖြေ၏

ထို့နောက် ရှေ့သို့တိုးကာ လေသံနိမ့်နိမ့်ဖြင့် သခင်ကြီး Sabitaက ထပ်ပြောသည်

 Love Story From Defulo (S3), King Sia Where stories live. Discover now