Part-82/ အိမ်ရှေ့စံမင်းသား Sia Tenki 23/ စိတ်နှလုံးတို့ ကြေကွဲပျက်စီး

241 31 7
                                    

"သခင်လေး ဒီနေ့ ပန်းခင်းထဲလာရမယ့် နေ့မဟုတ်ဘူးမလားရော်~"

ပန်းအိမ်တော်ရှိ ယစ်ရွှေရည်ပန်းဝတ်ရည်ကို ဖျော်ထားသော နှင်းခါးနှင့် ဖျော်စပ်ထားသော အရက်တိုက်ကာ ဧည့်ခံသည်

"သခင်လေးကို ဘယ်သူ ယစ်ရွှေရည် ချပေးထားတာလဲ... "

ထိုအခါ အထဲက အိမ်တော်ထိန်း Makuကို လိင်လုပ်သားတို့က လက်ညှိုးဝိုင်းထိုး၏

"Maku ချပေးတာ"

"ကျွန်တော်က သခင်ကြီး အပေါင်းအသင်းဆိုတော့ သခင်ကြီးလိုပဲ သောက်နိုင်မယ်ထင်လို့--!!"

"ဘယ်က ငါ့သူငယ်ချင်းလဲ ရူးနေလား--!! သူက အဲ့ဒါနဲ့ မတည့်ဘူး"

Kurioရဲ့ ဆူပူကြိမ်းမောင်းသံ မဆုံးခင်ကြောင့် Fuita က အိမ်ပြန်ဖို့ မတ်တပ်ရပ်ရာ ယိုင်နဲ့ကာ လဲကျသွား၏

မျက်စိထဲမှာ မြင်ကွင်းတွေ ယိမ်းယိုင်နေတာကို သူမြင်နေရသည်။ ရီဝေမှုနှင့် နွမ်းဖျော့မှုကို သိသိသာသာ ခံစားရ၏။

ပထမဆုံးကြိမ်အနေနဲ့ သူ၏ခန္ဓာကိုယ်က သူ့ရဲ့အမိန့်နဲ့ ဆန္ဒတွေကို မလိုက်နာခဲ့ပေ။ ခဏအကြာ မျက်ခွံတွေက လေးလံလာခဲ့ပြီး စိတ်ဟာအမှောင်ကျသွား၏

-----------------------------------------

Fuita နိုးထလာသည့်အခါ အနားမှာ စောင့်ပေးရင်း လုပ်ကိုင်ပေးနေသည့် သူများ၏ ခပ်ဝဲဝဲအသံကိုကြားနေရသည်

"အစ်ကိုတော်လေး ဘာလို့ အဲ့လိုစုတ်စုတ်ပဲ့ပဲ့ ဝတ်ထားရထားတာလဲနော်။ အစေခံကျလို့ရော်~~"

"ခုနကမှ မြိုင်ထဲသွားထားလို့ပါလေ"

"မြိုင်ထဲသွားသွားပေါ့။ အစေခံလို ခိုင်းသမျှလိုက်လုပ်စရာလားနော်။ အနားယူရမှာပေါ့။ ကျန်းမာတာလည်း မဟုတ်ပါရော်~~"

"နားဆူနားပူ မလုပ်စမ်းပါနဲ့~ အစ်ကိုလေး မကြိုက်ဝေါ်"

"မကြိုက်ရော်၊ မတတ်နိုင်လေ"

"အစ်ကိုလေး ယာမာတို သခင်လေးကို သဘောကျနေတာမလားနော်။ လှလှလေးဝတ်ပြီး ထိုင်စောင့်ပါ‌လေလား။ ဘာလို့ အဲ့လိုကြီး စောင့်နေတာပါလဲ။"

"မင်း လျှာမရှည်နဲ့-- သွားပါလေလော့"

Fuita မျက်စိဖွင့်ကြည့်တော့ သူ့အနားမှာ ဖြူဖတ်ဖတ် အမျိုးသားငယ်တစ်ဦး ထိုင်နေသည်ကို မြင်ရသည်

 Love Story From Defulo (S3), King Sia Where stories live. Discover now