Part-100/ ရှင်တော်မြတ် Sia-1/ အချစ်သစ်လို‌အပ်ပြီ။ အချစ်ဟောင်းကို စွန့်မှာလား။

229 29 1
                                    

Part-100/
ရှင်တော်မြတ် Sia-1/
(ဘဝသစ်အတွက် အချစ်သစ်လို‌အပ်ပြီ။ အချစ်ဟောင်းကို စွန့်မှာလား)

ပူပူနွေးနွေး ဒုတိယဘဝသစ်လေးမှာ Aita၏ မေ့ပျောက်ခြင်းကို ခံရသဖြင့် ပြိုလဲကြေကွဲနေသည့် Siaဟာ အနည်းငယ် စိတ်ခံစားချက် သက်သာလာချိန် Makuကို သတိရမိ၍ Makuရှိရာသို့ သွားရှာခဲ့၏

Makuဟာ Yamato၏ စောင့်ကြည့်မှုအောက်မှာ အစေခံမျိုးဆက်ပျက်အောင် လိင်စံအိမ်မှူးအဖြစ် အသက်ရှင်နေရသည်။

သို့သော် ချို့တဲ့စွာနဲ့ လိင်လုပ်သားတွေနဲ့ ရုန်းကန်နေသည့် Maku ကို သူသွားမတွေ့ခဲ့ပေ။ နောက်ကွယ်ကနေ ငွေကြေးတချို့ထောက်ပံ့ပေးခဲ့၏။

"အရှင်က ရတနာတွေနဲ့ အိမ်တော်သုံးလုံးစာ သစ်နက်တွေကို ပေးခိုင်းလိုက်တယ်။ ရတနာတွေကို Gravity ကနေ အစေခံဝယ်ပြီး၊ သစ်နက်တွေကို အပမ်းဖြေစံအိမ်အတွက် လိုအပ်တဲ့ အဆောက်အအုံကို Motoနဲ့ တိုင်ပင်ပြီး တည်ဆောက်ဖို့ မှာလိုက်တယ်"

"Moto--?? အဲ့ဒါ ဘယ်သူလဲ"

Sia၏အထိန်းတော်ငယ်က Siaကိုကောင်းကောင်း မစောင့်ရှောက်နိုင်သည့် အပြစ်ကြောင့် နန်းတွင်းက နှင်ထုတ်ခံရကာ ဆေးဆရာ Motoဆိုသည့် အမည်နာမဖြင့် အနီရောင်မြို့မှာ နေထိုင်နေရသူဖြစ်၏။

နန်းတွင်းအဆင့် စာတတ်ပေတတ် ပညာတတ်တစ်ယောက်ဖြစ်ပြီး Siaဘုရင်ဖြစ်လာလျှင် အနားမှာ အခစားဝင်ဖို့ အဆင့်မှီသည့် ထိပ်တန်းတော်ဝင်အစေခံတစ်ဦးဖြစ်သည်

Maku ရောက်လာမှ Motoဟာ Siaဘဝသစ် ပြန်လည်ရှင်သန်လာပြီး ဖြစ်ကြောင်း သိရှိခဲ့ရသည်။ Motoက Sia၏ Makuအား ကြည့်ရှုစောင့်ရှောက်ပေးရန် အကူအညီတောင်းထားသည့် လှို့ဝှက်စာလွှာလေးကို လက်ခံရယူပြီးနောက် Maku၏ စံအိမ်မှာ လိင်လုပ်သားတွေကို ဆေးကုရသော ဆေးဆရာအနေနဲ့ အတူဝင်ရောက်လုပ်ကိုင်ပြီး Makuအား သင်ပြညွှန်ကြားပေးခဲ့သည်

------------------------

Makuအား ကြည့်ရှုပြီး ညနေခင်း၌ လောကနတ်စည်းစိမ် ဟုခေါ်သော အနီရောင် ကာမဂုံအာရုံမြို့ကြီးမှ ရတနာနတ်နန်းမြို့သို့ Sia ပြန်လာစဉ် တောစပ်ကို ဖြတ်သန်းလာခဲ့၏

You've reached the end of published parts.

⏰ Last updated: Feb 06 ⏰

Add this story to your Library to get notified about new parts!

 Love Story From Defulo (S3), King Sia Where stories live. Discover now