10

597 70 0
                                    

"ယနေ့ည ကြင်ယာတော် သခင်လေးတို့ ရောက်လာမှာပါ မင်းကြီး"

အိမ်တော်ခွဲသခင်ဖြစ်သူ အဖိုးလုပ်သူအား နန်းလွှဲဘုရင်ခံ Jimက အကြမ်းရည်ငှဲ့ပေးရင်း ဂါဝရပြုစကားဆိုနေ၏

"နန်းကြင်ယာတော်ရော ကလေးထပ်ယူဖို့ အားအင်ပြည့်စုံပြီလား"

"သွေးရည်ချိန်မပြည့်မှာစိုးလို့ သုံးနှစ်ခြားဖို့တွေးထားတယ်"

ထိုအခါ အဖိုးတော်စပ်သူ သခင်ကြီးYimaက အကြမ်းရေးထည့်ထားသော မှော်သစ်ခွက်လေးကိုယူပြီး ငုံရင်း သက်ပြင်းချ၏

"ကောင်းပါတယ်..."

ထို့နောက် ရဲရဲနီပြီး ဆွေးတောက်နေသော Jim၏ မျက်ဝန်းနီများကို ကြည့်ကာ စကားဆိုသည်

"Jimက ကျန်းမာပြီးသားမို့... နန်းတတ်မင်းသားငယ် နောက်တစ်ယောက် ရဖို့အတွက် အရှင်Siaတုန်းကလို အဖြစ်မျိုး မရှိ‌လောက်ပါဘူး..."

ဘုရင်ဖြစ်သူက ကျန်းမာပြည့်ဝသော ခန္ဓာကိုယ်ရှိလျှင် သန္ဓေမျိုးဆက် နှစ်ယောက်အထိ ယူရသည်... ထို့ကြောင့် ကြင်ယာတော် နှစ်ယောက် ယူခွင့်ရှိ၏

Aitaက နှစ်ယောက်မွေးဖွားပေးခဲ့၍ ကြင်ယာငယ် ထပ်ရှိလာလိမ့်မည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြပေ

အဘယ်ကြောင့်ဆိုသော် ကြင်ယာတော်ကြီး Aitaက ကျန်းမာသော သန္ဓေသားဖြစ်ပြီး အရှင်Siaက မကျန်းမာသော သန္ဓေဖြစ်သောကြောင့် ဖြစ်သည်

ထို့ကြောင့် မင်းသားငယ်Simကို မွေးဖွားခဲ့စဉ်က Simဟာ ဖခင်Siaထံမှ မပြည့်ဝသော သန္ဓေချို့ယွင်းချက်တို့ကြောင့် ပုံမမှန်သန္ဓေသားအနေနဲ့ မွေးဖွားလာခဲ့သော်လည်း Aita၏ သွေးသန္ဓေကြောင့် ပြီးပြည့်စုံသော လူသားအဖြစ် ကြီးပြင်းလာသည်

~~~~~~

ခါးသက်သက် အရသာလေးတွေ အနည်းငယ်ရောစပ်နေတဲ့ အနီရောင် ဝိုင်ချိုများကို မှော်သစ်နက်ခွက်ငယ်များအတွင်း Sora ငှဲ့လိုက်၏

စကားလက်ဆုံကျနေသော အုပ်စုထံသို့ ယူလာသည်

အုန်းအုန်းထ စကားများနေသော အုပ်စုကြားချပေးတော့ တစ်ခွက်စီယူကာ မီးပုံအလယ်က အသားကင်ကို ဖဲ့စားကြသည်

 Love Story From Defulo (S3), King Sia Where stories live. Discover now