Part-74, အိမ်ရှေ့စံမင်းသား Sia Tenki 15/ အရှင်တော် Aita အရွယ်ရောက်ခြင်း

153 20 2
                                    

ညရောက်သည့်အခါ Siaဟာ အိပ်ယာမှာ ပက်လက်လဲလျောင်းရင်း သူ၏ သိုးရေမှတ်စုစာအုပ်လေးကို ဖွင့်ပြီး အထဲက ရုပ်ပုံများကို ကြည့်၏

အထဲမှာ Fuitaနဲ့ Aita၏ ထူးခြားသော အပြုအမူအချို့ကို ရေးမှတ်ထားခြင်းဖြစ်သည်

စာအုပ်ထဲတွင် Fuitaက Aitaကို ကိုယ်ကိုမချီပြီး လေထဲမွေ့ရမ်းကာ နှင်းတောထဲလွင့်ပစ်ပြီး ဆော့ကစားနေသည့် ရုပ်ပုံလည်းပါ၏ ရုပ်ပုံအောက်မှာ နှစ်ကြိမ်ဟု သူရေးမှတ်ထား၏

သူကတော့ Aitaကို လေထဲမွေ့ရမ်းနိုင်နေပြီဖြစ်သော်လည်း နှင်းတောထဲ ပစ်ပေါက်နိုင်ခြင်းတော့ မရှိသေးပေ

Aitaအပေါ် သင့်လျော်တဲ့ အပြုအမူတွေ၊ မသင့်တဲ့ အပြုအမူတွေ ကွဲပြားအောင် ရေးမှတ်ထားခြင်းဖြစ်သည်

Siaဟာ ဟိုကြည့်ဒီကြည့် ပုံလေးတွေ လှန်ကြည့်ရင်း ညီအစ်ကိုနှစ်ယောက်ကြားက အပြုအမူနှင့် ဘဝနေ့ရက်တွေကို လေ့လာ၏

ထိုစဉ်ခဏ နောက်ဆုံး မှတ်စုပုံ၌ Fuitaက ဈေးထဲမှာလမ်းလျှောက်နေစဉ် Aitaအား ပုခုံးလေးဖက်ပြီး အမှတ်မထင် ငုံ့နမ်းလိုက်သည့် ပုံကိုမြင်လိုက်ရသည်

ထိုပုံမြင်ခိုက် သူရဲ့လက်တွေက ထိုစာမျက်နှာထပ်မှာ ခေတ္တရပ်တန့်နေခဲ့၏

အတွေးတွေထဲမှာ ငါရော နမ်းလို့ရလား--- လို့ တွေးမိ၏

ဒီအနမ်းကိုမြင်ရသည့်အချိန် လေထဲက ရေခဲပွင့်တွေလို ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းခဲ့သည်ကို သူမှတ်မိနေသေးသည်

အနက်ရောင် ခဲချောင်းတို့၏ မသေသပ်သော ကောက်ကြောင်းဖြင့် ပုံဖော်ထားသည့် ထိုရုပ်ပုံကိုကြမ်းငယ်‌ကြည့်ရင်း နုတ်ဖျားမှ ရေရွတ်မိခဲ့သည်

"Fuita::::"

လစန္ဒာ၊ ကြယ်စင် တစ်သောင်း ခုနှစ်ထပ်ရံလျက် ထွက်ပေါ်လာသော နက္ခတ်ချိန်မှာ ကောင်းခြင်းမင်္ဂလာနဲ့ ပြီးပြည့်စုံစွာ Fuitaကို မွေးဖွားလာ၏

ထိုစဉ်အခိုက် Aita ရောက်လာ၏

Siaဟာ စာအုပ်ကိုပိတ်ပြီး ခေါင်းအုံးအောက်မှာ ဖွက်ထားလိုက်သည်

ထုံးစံအတိုင်း Aitaဟာ အနားမှ အထိန်းတော်အား မျက်လုံးလေးဆွေကြည့်ကာ Siaအား အရိုအသေပြု၏

 Love Story From Defulo (S3), King Sia Where stories live. Discover now