Part-38, လပြည့်ဝန်းငယ် MoonLay 7

503 63 25
                                    

ယမန်ည Aitaဟာ ထူးချွန်‌အိမ်တော်သခင်လောင်းများ ထားရှိရာ အဆောင်တော်ကြီးသို့ မည်သူမှမရှိချိန် တစ်ဦးတည်း ရောက်လာခဲ့၏

ညနန်းဆောင်မှာ MoonLay ရှိနေသည်ဆိုသည့်စိတ်ကြောင့် မပြန်ချင်သောကြောင့် ယမကာ ယီဝေဝေလည်း ပြေစေရန်အလိုငှာ ကြိုဆို၌ ချီးမြှောက်မှုပွဲအပြီး ထိုအဆောင်တော်ကြီး၏ ‌မှန်နန်းအထက်၌ ဆက်လတ်၍ပင် အနားယူနေခဲ့၏

အထိန်းတော်ကြီးက အမူးပြေစေရန် ဖျော်စပ်ထားသော သဖန်းသီး လက်ဖက်ရည်ကို ယူဆောင်လျက် ပြင်ဆင်ဆက်သပေး၏

"အမူးပြေမှ ညနန်းဆောင်ကို ပြန်သင့်ပါတယ် အရှင်"

"မပြန်တော့ဘူး၊ ဒီည ဒီမှာပဲ ရှိချင်တယ်"

"ဘာကြောင့်ပါလဲ အရှင်"

"ညနန်းဆောင်မှာ အစေခံMoon အခစားဝင်နေတယ်၊ သူနဲ့ တစ်ဆောင်တည်း မရှိချင်ဘူး"

"အဝေးကို ထွက်ပြေးဖို့ ကြိုးစားနေတာပါလား အရှင်"

"မကောင်းဘူးထင်တဲ့အရာကို ကြိုတင်ပြီး ဝေးဝေးက ရှောင်တာ အကောင်းဆုံး မဟုတ်လား၊ ငါ~ အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ ကြိုက်တယ်၊ ငါက သာမန်လူမဟုတ်ဘူး၊ လောကကြင်ယာတော်၊ လောကကို စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်....

.....ပထမဆုံး သူ့ကိုစိတ်ထဲမှာ သာမန်အရာဝတ္ထုလိုပဲ အသားကျကျ မှတ်ယူနိုင်ဖို့ အခြားဦးစားပေးရမယ့် အရာတွေနဲ့ အစားထိုးပြီး ချေဖျက်မယ်"

ထိုအခါ အထိန်းတော်ကြီးက သဘောကျကျ ပြုံး၏

"အခု သာမန်လို့ မယူဆနိုင်တာကို ဝန်ခံလိုက်တာလား"

"ဝန်ခံစရာ မလိုပါဘူး၊ အထိန်းတော်ကြီးက သိပြီးသားလူပဲ မဟုတ်လား၊ ငါ ဟန်လုပ်နေစရာ မလိုတဲ့လူတွေထဲက တစ်ယောက်ပဲ၊

......အရင်က စိတ်ထဲမှာရှိခဲ့ဖူးတဲ့ အရာတွေနဲ့ ပက်သက်ပြီး ရှုပ်ထွေးစရာတွေ မရှိချင်ဘူး။ နိမ့်ကျတဲ့သူတွေပဲ စိတ်ရှုပ်ထွေး ပူပန်ရတာ။ လောကရဲ့ ကြင်ယာတော်ကြီးအနေနဲ့ ဘဝကို အမြင့်မြတ်ဆုံးနေရာမှာ အသန့်ရှင်းဆုံးနဲ့ အပြတ်သားဆုံး ဖြတ်သန်းနိုင်ဖို့ ကြိုးစားရမယ်လို့ တွေးထားတယ်"

 Love Story From Defulo (S3), King Sia Where stories live. Discover now