5

727 72 1
                                    

မနက်မိုးလင်းသောအခါ Aitaအနား၌ Siaမရှိတော့ပေ.., MoonLayကိုကြည့်တော့ MoonLayက ထုံးစံအတိုင်း ရင်ခွင်ထဲမှာ အိပ်ကောင်းနေဆဲဖြစ်သည်

Aitaနိုးလာတော့ အစေခံတို့က အိပ်ယာလိုက်ကာစကိုပင် ဖွင့်ဟပြီးဖြစ်နေသည်... အထက်ကောင်းကင်နေဝင်ပေါက်ဆီမှ နေရောင်နုနုပင် အိပ်ယာထက်သို့ ဖြာဆင်းနေပြီဖြစ်၏

Aitaက MoonLayအား နေရောင်ရရန် စောင်ခွာပေးပြီး အဝတ်ပါးလေးအုပ်ကာ ဟာလာဟင်းလင်း အိပ်ယာထဲထားခဲ့သည်

ထို့နောက် ဝတ်လဲတော်ခံယူသည်

"Sia နိုးတာကြာပြီလား"

"ကြာပါပြီ အရှင်... ဒီနေ့ Theinkayama (သင်္ခယာမ) အိမ်တော်က အရှင်SeintWaila (စိန့်ဝေလ) လာရောက် ဂါဝရပြုပါမယ်"

"Seint သခင်လေး~"

"ဟုတ်ကဲ့..."

"Siaက ဘာတွေမှာကြားသေးလဲ"

"အထူးတလည် မမှာကြားပါဘူး"

"အင်းမ်..."

Aitaဟာ နှာဖျားအတွင်းတိုးဝင်လာသော လေထုထဲမှာ သစ်သီးရနံတစ်မျိုးကြောင့်  မျက်ဝန်းတို့ကိုမှိတ်လျက် ကို ဖြည်းညင်းစွာ ခံစားလိုက်၏

မှော်ပန်းသီးနက် ရာသီဦး----

"MoonLay ဒီနေ့ နေစာလှုံမှာမလား"

"ဟုတ်ကဲ့"

မျက်လုံးနှစ်လုံးပွင့်သည်နှင့် တန်ဖိုးထားရသော လူသားနှစ်ဦး၏ တစ်နေ့တာ အစီအစဉ်များကို နှစ်ခါပြန်မတွေးဘဲ တန်းမှတ်မိနေတတ်လောက်အောင် အာရုံစိုက်ပေးတတ်သော အရှင်ကြင်ယာတော်ကြီး

Aitaဟာ ချစ်ရသူနှစ်ဦးအတွက် သူ၏ထက်မြတ်သော ဦးနှောက်အတွင်း၌ အကန့်လေးနှစ်ခု သက်သက်ခွဲပေးထားသည် ထင်သည်

နှင်းစက်လေးတွေမြင်လည်း ထိုလူသားနှစ်ယောက်အကြောင်းကို နှင်းစက်လေးနှင့် တွဲပြီးစပ်ဆက်တွေးမိသည်
မိုးစက်လေးတွေမြင်လည်း သူ့နှစ်ယောက်ပါသည်
နေရောင်လေးမြင်လည်း တွေးမိ၏

Aitaဟာ ငယ်စဉ်ကရှိခဲ့ဖူးသော နာကျင်စရာကိစ္စရပ်တစ်ခုကို ကောင်းကောင်းဖြတ်ကျော်နိုင်ဖို့ ဦးနှောက်မှတ်ဉာဏ်နှင့် နှလုံးသားမှတ်ဉာဏ်ကို ဖခင်များထံမှာ ပြုပြင်ခံခဲ့ရသူဖြစ်သည်

 Love Story From Defulo (S3), King Sia Where stories live. Discover now