4

730 80 1
                                    


"ဖမ်းမိခဲ့လား"

"မမိပါဘူး အရှင်... နတ်နန်းက ကျိန်စာစည်းပေါက်တာမျိုးမရှိပါဘူးတဲ့... သံယောဇဉ်ကြိုး ဖြတ်တောက်ဖို့ ရောက်နေတဲ့ မရဏကျိန်စာမြေအင်အားစုက KaBiတွေပါတဲ့"

ထိုအခါ Aitaက Siaအားမေးသည်

"ဘာလို့လဲ"

"omm.. နေ့ခင်းက ကတ္တီပါမြက်ခင်းစိမ်းမြေမှာ ပြင်ပလောကသားတစ်ယောက် တွေ့လိုက်လို့"

"နီးလို့လား"

"နီးတော့မနီးဘူး... ဒါပေမယ့်... ကိုယ်တော့်အနီးကို ဒီလိုမျိုး ခွင့်ပြုချက်မရှိဘဲ ရောက်လာရဲသူ မရှိဖူးသေးဘူး"

ထိုအခါ Bakuက Siaအားမေး၏

"သံယောဇဉ်ကြိုးဖျက်တာ ဘာလဲ"

"လောကမြေတစ်ခုထက်ပိုပြီး ရှင်သန်သွားလာနိုင်စွမ်းရှိတဲ့ လောကသားတွေရဲ့ လုပ်စဉ်တစ်ခုလေ..
           အပိတ်လောကမြေတွေက ကိုယ့်ရဲ့လောကသားကို ကိုယ့်ရဲ့မြေမှာတည်မြဲစေဖို့ မတူညီတဲ့ သံယောဇဉ် အနှောင်အဖွဲ့ကြိုးတွေနဲ့ ချည်နှောင်ထိန်းသိမ်းရတယ်
          လောကမြေတစ်ခုထက်ပိုပြီး ရှင်သန်သွားလာနိုင်စွမ်းရှိတဲ့ လောကသားတွေမှာ တစ်ချို့က ကျန်ခဲ့တဲ့ ဘဝဟောင်းက နှလုံးသားမှတ်ဉာဏ်တွေပြန်ပါလာလို့ ဘဝဟောင်းကို သတိရပြီးပြန်ချင်ကြတယ်...
        နယ်မြေဟောင်းက ချစ်ခင်သူတွေကို သတိရနေတဲ့ စိတ်နှလုံးသားရဲ့ အားကြီးတဲ့ သံယောဇဉ်ကြိုးတွေကြောင့် လောကမြေအသစ်နဲ့ အဟောင်းနှစ်ခုကြားမှာ သံယောဇဉ်ကြိုးတွေ လွန်ဆွဲနေတာမျိုးရှိတဲ့အခါ နယ်မြေမှန်မရွေးချယ်နိုင်ခြင်းဆိုတဲ့ အခြေအနေဖြစ်လာတယ်
        အဲ့ဒီလိုဖြစ်နေပြီဆိုရင် စိတ်နဲ့ နှလုံးသားက ရှိသင့်တဲ့ ခံစားချက်အမှန်ကို မသိနိုင်တော့ဘူး... လောကသားရဲ့ စိတ်နှလုံးဟာ တမြေ့မြေ့လောင်ကျွမ်းပြီး ပူဆွေးနေရလိမ့်မယ်
        ပြီးတော့ တခြားလောကမြေကိုတမ်းတနေမယ်ဆိုရင် အိုမင်းမှုတွေနဲ့ ပျက်စီးမှုတွေကနေ ကာကွယ်ပေးထားတဲ့ သက်ဆိုင်ရာ မိခင်ကျိန်စာယန္တယားကြီးရဲ့ အခြားသီးခြားစွမ်းအင်တွေကိုလည်း လောကသားတော် တစ်ယောက်အနေနဲ့ ဆက်ခံခွင့်မရရှိတော့ဘူး...
         အဲ့ဒီအခါ ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာမယ်.. အပိတ်လောကမြေတွေက သက်ဆိုင်ရာ လောကမြေရဲ့ ကျိန်စာယန္တယား စွမ်းအင်ပြင်ပကိုရောက်သွားပြီး အခြားလောကမြေက မတူညီတဲ့ကျိန်စာယန္တယားပေါ်မှာဆို၇င် အချိန်ကြာကြာ ရှင်သန်နိုင်စွမ်းမရှိဘူး...
         ကိုက်ညီမှုမရှိတဲ့ ဓါတ်ပစ္စည်းတွေလိုမျိုး သူတို့ဟာ အချိန်တိုတွင်း ပျောက်ကွယ်ရလိမ့်မယ်... လောကမြေသစ်မှာ ဘဝသစ်မွေးဖွားပြီးသူက လောကမြေဟောင်းအတွက် မသက်ဆိုင်တော့တဲ့ ပြင်ပလောကသားဖြစ်သွားပြီ
         Defuloက လူအများစုက သေဆုံးတဲ့အခါ ဖြစ်စေ.. လောကစည်းမျဉ်းဥပဒေနဲ့ သွေဖီလို့ ဖျက်စီးခံရသည်ဖြစ်စေ.. လောကကျိန်စာမြေစာချုပ်ကြောင့် ဘဝသစ်ကို အနီးဆုံးမှာရှိတဲ့ မရဏကျိန်စာမြေအင်အားစုမှာပဲ မွေးဖွားရတယ်...
        အဲ့ဒါကြောင့် မရဏကျိန်စာမြေက သူတို့လောကသားတွေကို ကျိန်စာမြေမှာ အခြားချစ်ရသူတွေနဲ့ ထာဝရ ပျော်ပျော်ရွှင်ရွှင် ရှင်သန်နိုင်ဖို့ Defuloက ချစ်ခင်ရသူတွေကို နောက်ဆုံးအကြိမ် လာရောက်နှုတ်ဆက်ပြီး လွမ်းဆွေးမှုကို ဖျက်ဆီးဖို့ ခွင့်ပြုလေ့ရှိတယ်...
        Defuloက သူတို့ကို သံယောဇဉ်ကြိုးဖျက်ဖို့ ဝင်ရောက်ခွင့်ပြုပေးတဲ့အခါ သူတို့ဟာ Defuloမှာ ရှင်သန်နေတဲ့ သာမန်လူသားတွေလို အချုပ်အနှောင်မရှိ အန္တရာယ်မရှိ သွားလာခွင့်ရတယ်
         ပြီးရင်သူတို့ဟာ သူတို့ချစ်ရသူတွေနဲ့တွေ့ဆုံပြီး တစ်သက်တာ ပြန်မရနိုင်တော့တဲ့ ဘဝဟောင်းက မှတ်ဉာဏ်တွေကို နာနာကျင်ကျင်နဲ့ ကိုယ်တိုင် ဖျက်စီးကြတယ်...
        သံယောဇဉ် မှတ်ဉာဏ်တွေက သူများဖျက်ပေးရင် ဦးနှောက်မှာပဲ ပျက်စီးနိုင်ပြီး ခဏပဲခံတယ်... နတ်ဘုရားတွေတောင် နှလုံးသားမှတ်ဉာဏ်ကို ဖျက်စီးနိုင်စွမ်းမရှိလို့... ကိုယ်တိုင်ပဲဖျက်စီးမှ ထာဝရ မေ့ဖျောက်နိုင်တယ်လေ"

 Love Story From Defulo (S3), King Sia Where stories live. Discover now