Part-88/ အိမ်ရှေ့စံမင်းသား Sia Tenki 25/ ထားခဲ့လေသူ

278 36 4
                                    

"ငါကိုယ်တော် ပြုစုပျိုးထောင်ခဲ့တဲ့ အိမ်ရှေ့စံက ပျက်စီးသွားခဲ့ပြီ။ သခင်လေးမှာ Siaအတွက် တာဝန်ရှိတယ်လို့ မထင်မိဘူးလား။"

Aitaဟာ Siaနဲ့ အချိန်အနည်းငယ် အချိန်ကုန်ဆုံးပေးပြီး သူ၏ သွေးသန္ဓေများကိုလည်း Yamaမင်းကြီးထံ ထုတ်ပေးခဲ့သည်။

Siaရဲ့ စိတ်အခြေအနေကို စိုးရိမ်မိ၍ နောင်တစ်ချိန် Siaမှာနန်းမျိုးဆက်အတွက် ချို့ယွင်းမှုရှိလာလျှင် ထိုသွေးတို့ကို အသုံးပြုဖို့ မင်းကြီးက ယူထား၏

Siaက Aita၏ သွေးသန္ဓေကို ထုတ်ပေးခြင်းအား မိမိနှင့် နန်းတတ်ပြီး အတူတူထာဝရနေဖို့ရန်ဟု ထင်မှတ်ခဲ့၏

သို့သော် Aitaဟာ Siaကိုထားခဲ့ပြန်၏

Sia မသိခင် သူထွက်သွားဖို့ ကြိုးစားသော်လည်း အမြဲစောင့်ကြည့်နေသည့် Siaထံ ရိပ်မိသွားသည်။

"မင်း ဘယ်သွားမလို့လဲ.. သွေးဘဏ်မှာ သန္ဓေထုတ်ထားတာ မကြာသေးဘူးမလား။ အနားယူရမှာပေါ့"

Aitaက ပြန်မဖြေပေ

Sia ပြန်မေးတော့ Aitaက ပြန်ပြောသည်

"ငါ နတ်နန်းကိုပြန်ရမယ်"

"နတ်နန်းကို ဘာသွားလုပ်မှာလဲ"

"ဂိတ်တံခါးမပွင့်ခင် ပြန်ရမယ်လေ"

"မင်း ဘာတွေပြောနေတာလဲ။ ငါတို့ အတူတူ နန်းတတ်မယ်လေ"

"ငါ နန်းမတတ်ချင်ဘူး မင်းက ဘုရင်ဖြစ်လာမှာလေ။ နှစ်ယောက် ယူလို့ရတယ်။ ငါမရှိလည်း ဘာမှမဖြစ်ဘူး"

ထိုအခါ Siaဟာ Aita၏ မျက်နှာအား ဖြတ်ရိုက်လိုက်သည်

"မင်း ငါ့ခံစားချက်ကို အမြဲလုပ်ချင်သလို လုပ်တယ် Aita"

"ငါက မင်းအတွက် ပေါင်းပင်လိုပဲ။ ငါ အနားမှာရှိနေရင် မင်းအတွက် ပျက်စီးစရာတွေပဲ ရှိလာမှာ"

"ဘာတွေပျက်စီးမှာမို့ ဒီလောက်တောင် အာရုံစိုက်နေတာလဲ။ ပျက်စီးပါစေ!!!!! ပျက်စီးပြီး ဘာမှမရှိတာမှ ပိုကောင်းသေးတယ်))))"

"ငါ စိတ်ရှုပ်ရတယ်"

"ဘာ"

"ငါစိတ်ရှုပ်တယ်။ မင်းနဲ့အတူရှိရတာ စိတ်ရှုပ်ဖို့ကောင်းတယ်"

 Love Story From Defulo (S3), King Sia Where stories live. Discover now