"ငါ မင်းကိုယ် မင်း ဂရုစိုက်စေချင်တာ။ ငါ အနောက်က လိုက်မလာခဲ့ရင်ရော??"
Aita စကားမဆုံးခင်မှာပင် MoonLayက Aitaရင်ဘက်ကို လက်သီးနဲ့တစ်ချက်ထုပြီး အိမ်ထဲပြေးဝင်သွား၏။ ထိုကောင်လေးက ဘယ်တော့မှ သူရဲ့စိုးရိမ်မှုကို အလေးမထားပေ။
စိုးရိမ်မှုကို မခံစားဖူသည့်ကိုယ်က သူ့ကြောင့် စိုးရိမ်ခြင်းကို ခံစားတတ်လာသည်
အိမ်ထဲရောက်တော့ Siaက အကြောက်လွန်လာသော MoonLayအား ချော့သည်
"ကြင်ယာကြီး MoonMoon ပေါက်စီတွေကို လွှင့်ပစ်လိုက်တယ်"
Aitaက မီးတွင်းဘေးမှာ ရေနွေးကြမ်းသောက်နေ၏
Siaက လှမ်းမေးသည်
"ဘာလို့ လွှင့်ပစ်တာလဲ"
"အဲ့ဟာကိုင်ပြီး သူ့ကိုလာမကာကွယ်ဘူးဆိုပြီး ငါ့ကိုမျက်စောင်းထိုးနေလို့... စားချင်ရင် မနက်ဖြန်မှ စီစဉ်ခိုင်းလိုက်မယ်"
MoonLay က လှမ်းအော်၏
"ခုနကဟာပဲ စားချင်တယ်)))"
"သွားပြန်ကောက်ပေးရင် တကယ်စားမှာလား!!"
Aita လှည့်ကြည့်ပြီး မေးလိုက်တော့ MoonLay တစ်ယောက် ငြိမ်သွား၏
"မစားဘူး::::"
အိပ်မပျော်မှာစိုးလို့ Siaက အိပ်မွှေ့ချကာ သိပ်သည်။ အိပ်ပျော်သွားအခါ Siaက Aitaအနားပြနါထိုင်လျက် အတူတူ စကားပြောသည်
"အဲ့ဒီလို မလုပ်သင့်ဘူး။ သူ့ကို နည်းနည်းပါးပါး ချော့ပြောသင့်တယ်။ ကိုယ်တော် ဆယ်ခွန်းချော့တာထက် မင်းတစ်ခွန်းလောက် ချော့ပြောတာကို သူက ပိုနားထောင်တာ သိရဲ့သားနဲ့"
"လိမ်ပြောရမှာလား"
"ပြောလို့ရတဲ့ စကားတွေထဲမှာ သူ့စိတ်သဘောကျစေမယ့် စကားပုံစံမျိုး ရွေးပြောစေချင်တာ။ ကြင်ယာကြီးက ဉာဏ်ကောင်းတာပဲမလား။ ရွေးချယ်နိုင်တယ် မဟုတ်ဘူးလား။ အဲ့ဒါ လိမ်ပြောတာ မဟုတ်ဘူးလေ။ သူ့စိတ်ကို ပျော်ရွှင်အောင် လုပ်ပေးတာ"
စကားလုံးတွေနဲ့ လူကိုနာကျင်အောင် လုပ်တတ်သော ဤလူဆိုးကို သင်ပြရသည်မှာလည်း တကယ်ခက်လှသည်
YOU ARE READING
Love Story From Defulo (S3), King Sia
Historical Fictionချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား