Part-47, အိမ်ရှေ့စံမင်းသား Sia Tenki 2/ ငါးနှစ်သားအား နန်းတတ်ခန္ဓာ အပ်နှင်းခြင်း

288 40 2
                                    

"မင်းသားလေး မင်းကြီးရဲ့ အဆောင်တော်မှာ အဲ့လို အရမ်းမပြေးရဘူး~~ ချော်လဲလိမ့်မယ်~~"

Siaသည် ခမည်းတော်၏ အဆောင်တော်အတွင်း၌ လိုက်ဖမ်းနေသော အထိန်းတော် Yukaလက်က လွတ်အောင် လှည့်ပတ် ပြေးလွှားနေ၏

"ဟိ ဟိ ဟိ~~"

Siaဟာ Yukaအား ထောင့်ကျကျနေရာလေး၌ ပုန်းနေလိုက်၏

Yukaနှင့် အစေခံများဟာ Siaအား စာသင်တန်းတတ်ရောက်ရန် မူးနောက်အောင်ရှာနေ၏

နောက်ကျလျှင် ဒါလေးတောင် မျက်စိဒေါက်ထောက်မကြည့်နိုင်ဘူးလား

မမြင်ကွယ်ရာမှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ဟု အမတ်ကြီးများ၏ အဆူအဆဲက ခံရပေဦးမည်

"အိမ်ရှေ့စံ မင်းသားငယ်~~ စာသင်ရပါမယ်~~ ထွက်လာပါတော့~~~"

Siaဟာ အခန်းတွင်းရှိ ဗီရိုလေးအတွင်း ပုန်းနေလိုက်၏

Yukaဟာ အခန်းထဲ ဝင်ကြည့်ပြီး ပြန်ထွက်သွား၏

Siaဟာ တံခါးဖွင့်၍ ချောင်းကြည့်ပြီး အပြင်သို့ပြန်ထွက်လာသည်

အထိန်းတော်များသည် မိမိအား မမြင်ပေ~~

Siaသည် သဘောကျစွာ ရယ်လိုက်၏

ထိုစဉ် အခန်းကြီးအတွင်း၌ သူ့အရပ်ထက်မြင့်သော လေးထောင့်ပုံ ခြေထာက်လေးချောင်းထောက် ရွှေရောင် ပစ္စည်းတစ်ခုအား သူမြင်၏

အလွန်ကြီးမားသော ရွှေရောင်ကုတင်တောင်း ဖြစ်သည်

လေးထောင့်ပုံရှိပြီး ရွှေသားအတိဖြစ်သည်

ထုထည်ကြီးမားလှပြီး လူကြီး မတ်တပ်ရပ် ပေါင်လယ်ခန့်မြင့်သည်

Siaသည် အိအိအဲအဲ ကလေးငိုသံကြား၍ ခြေဖျားလေးထောက်ပြီး လှမ်းကြည့်သည်

ထိုလေးထောင့်ပုံ ပက်လက်ကြီးအတွင်း၏ အထဲ၌ အဖြူရောင် ငှက်မွှေးများဖြင့် ပြည့်နေ၏

ထိုအထက်မှ ရွှေရောင်ပိုးစတို့ခင်းထားပြီး ပိုးသားဂွမ်းစောင် အနှီးစတို့ဖြင့် ထုပ်ထားသော ကလေးသေးသေးလေးကိုတွေ့၏

"-- အူ~~ အု~~ "

Siaဟာ ပုခက်ခြင်းကြီးအတွင်းမှ ကလေးပေါက်စလေးအား မမြင်ဖူးသလို ငေးကြည့်နေ၏

 Love Story From Defulo (S3), King Sia Where stories live. Discover now