15

582 70 2
                                    


  
နန်းမြို့ဈေးကို ရောက်တော့ အရှင်Siaက ဟိုဟိုဒီဒီ ဝင်သည်

အရှင်Siaအား ဒီလိုသွားတတ်မှန်း သူမသိခဲ့ပေ

အရှင်က ရေပြာပြာ ပန်းဥယျာဉ်ကို ရောက်တော့ ဝင်ကြည့်၏

ပန်းဆိုင်လေးက နက်ပြာရောင်တွေနဲ့ ပြည့်နေပြီး အနည်းငယ်စုတ်ချာချာ ရှိသည်

ရေကန်ပြာပန်းဥယျာဉ်ခြံရှိပြီး အပြာရောင် လိပ်ပြာလေးများလည်းရှိသည်

အပြာရောင်ပန်းကို တန်ဖိုးနည်းပန်းဟု သတ်မှတ်ကြသည်

အဘယ်ကြောင့် ဒီလိုဆိုင်မျိုးက တန်ဖိုးနည်းပန်းကိုမှ အရှင်Siaက လာဝယ်တာလဲ

အရှင်Siaက Ashoအနားကပ်လာပြီး Bakuအတွက် တစ်ခုခု ဝယ်ပါလားဟု အကြံပေး၏

"ဒီဆိုင်ထဲကဟာတွေက တန်ဖိုးနိမ့်လွန်းတယ်" ဟု Ashoဟာ ပြန်ပြောခဲ့သည်

ထိုအခါ တပ်မှူး Yenက ခိုင်းရင် ခိုင်းသလို လုပ်လေဟူသော အကြည့်ဖြင့် Ashoအားလှမ်းကြည့်၏

Ashoက ငယ်ငယ်ကတည်းက အရှင်Siaနဲ့ မစိမ်းတဲ့သူမို့ သူ့စိတ်ထဲရှိသည့်အတိုင်း ပြန်ပြောတတ်၏

အရှင်Siaက သူ့တပ်မှူးအား ပုခုံးလေးပုတ်၍ အဝေးသို့နှင်လိုက်ပြီး Ashoအား နုံလိုက်တာ ဟူသောအကြည့်ဖြင့် ကြည့်ကာဆို၏

"သူက ခံစားချက်မဲ့တတ်လို့ပါ... ဒါနဲ့ တန်ဖိုးနည်းရင် ထပ်မဝယ်ပေးရဘူးလို့ ဘယ်သူပြောတုန်း"

"အယ်-- ဟုတ်..."

"အဲ့ဒါဆို နန်းတွင်းက ပန်းပင်ကြီးကိုကျ ခိုးပေးလိုက်တော့ တန်ဖိုးကြီးသွားတာလား"

"အာ... hK hK kk"

အရှင်Siaက စနောက်လိုက်တော့ Ashoတစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်သွား၏

"အရှင် စိတ်မဆိုးဘူးလား"

"မဆိုးပါဘူး... ငါ့ဥစ္စာမှ မဟုတ်တာ... နုတ် နုတ် ရှို့ ရှို့" ဟု အရှင်Siaက ခပ်ပြုံးပြုံးပင် ပြန်ပြော၏

အရှင်Siaဟာ လွန်စွာ ခင်မင်ရင်းနှီးဖွယ်ကောင်းပြီး နှစ်လိုဖွယ်ရှိလှ၏

ဘုရင်တစ်ပါး၏ ဟိတ်ဟန်တို့ ဘာမှမရှိဘဲ ပေါ့ပါးလွတ်လပ်သော လူငယ်လိုပင် မြင်ရသည်

 Love Story From Defulo (S3), King Sia Where stories live. Discover now